Powered by Blogger.

ဟင်းခိုးစားတဲ့ အခန်းဖော်ကို လှလှပပပညာပေးခဲ့ပုံ



တရုတ်နိုင်ငံက ကျောင်းသားတစ်ဦးဟာ သူ့ရဲ့ဟင်းတွေကို အဆက်မပြတ်ခိုးစားနေတဲ့ အဆောင်နေဖော်ကို နောက်တစ်ကြိမ် ဟင်းမခိုးစားရဲတော့အောင် ကောင်းကောင်းပညာပေးနိုင်ခဲ့ပါတယ်။

 ဟင်းခိုးမစားရဲအောင် သင်ခန်းစာပေးခဲ့ပုံလေးကတော့ တော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ကျောင်းသားဟာ ကတ်ထူစာရွှက်တစ်ရွှက်ကို ကြက်သားကြော်တစ်တုံးပုံစံရအောင် လှီးဖြတ်ပြီး စက္ကူပေါ်မှာ ပေါင်မုန့်အပိုင်းအစလေးတွေကိုတင်ကာ ရွှေဝါရောင်သန်းတဲ့အထိကို ကြော်လှော်လိုက်ပါတယ်။ ကြော်ပြီးသွားတဲ့အချိန်မှာတော့ ကတ်ထူစက္ကူပြားဘဝကနေ ကြက်သားကြော်တစ်တုံးပုံစံအဖြစ် တော်တော်လေးပြောင်းလဲသွားခဲ့ပါတယ်။


 အမြင်တင့်တယ်နေရုံနဲ့ မပြီးသေးတာမို့ အနံအရသာ ပါဝင်နေဖို့အတွက် ကြက်သားကြော်အနံရအောင်ကိုလည်း ထပ်မံစီစဉ်လိုက်ရာ စားစချင်စရာကောင်းတဲ့ ကြက်သားကြော်တုံးအဖြစ် ရောက်ရှိသွားပါတော့တယ်။ ဒီအခါမှာ ဟင်းခိုးစားနေကျ အခန်းဖော်မှာလည်း သူရဲ့ထုံးစံအတိုင်း အထူးပြုလုပ်ထားတဲ့ ကြက်သားကတ်ထူစက္ကူကြော်ကို ခိုးစားခဲ့ပြီး ကောင်းကောင်းပညာပေးခံလိုက်ရပါတယ်။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် နောင်နောက်ဟင်းခိုးစားဖို့ တော်တော်လေးနောင်တရကောင်း ရသွားနိုင်မှာ သေချာပါတယ်။


အခန်းဖော်ကို အခုလိုကောင်းကောင်းပညာပေးခဲ့တဲ့ ကျောင်းသားကလည်း သူရဲ့စပယ်ရှယ်ဟင်းလျာပြုလုပ်ပုံအဆင့်ဆင့်ကို အင်တာနက်စာမျက်နှာပေါ်မှာ ဖော်ပြပေးခဲ့ရာ လူကြိုက်များခဲ့ပြီး အရသာရှိမယ့် ကြက်သားကြော်တစ်တုံးအသွင်ဖြစ်နေကြောင်း ဝိုင်းမှတ်ချက်ပြုခဲ့ကြပါတယ်ခင်ဗျာ။


( VitamiN )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : EliteReader

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment