Powered by Blogger.

သေနတ်ပုံစံဖြစ်နေတဲ့ သော့ချောင်းကြောင့် ခရီးပျက်လုနီးပါး ဖြစ်ခဲ့ရ


 အမေရိကန်နိုင်ငံ ဖလော်ရီဒါမြို့မှာ အပျော်စီးသဘောစီးဖို့ သွားရောက်ခဲ့တဲ့ လင်မယားနှစ်ယောက်ဆီမှ သေနတ်ပုံစံပြုလုပ်ထားတဲ့ အိမ်သော့တစ်ချောင်းပါနေတာကြောင့် ခရီးစဉ်ပျက်လုနီးပါအထိ ဖြစ်သွားခဲ့ရပါတယ်။

 Henry Echevarria လို့အမည်ရတဲ့ အမျိုးသားတစ်ဦးနဲ့ သူရဲ့ဇနီးသည် Lisa တို့ဟာ Carnival အပျော်စီးသဘောင်္ကို လိုက်ပါစီးနင်းဖို့ သဘောင်္ဆိပ်ကမ်းကို ရောက်ရှိလာခဲ့ချိန်မှာ သဘောင်္လုံခြံရေးသမားတစ်ဦးက သူတို့အိတ်ထဲမှာ သေနတ်ပုံစံ အိမ်သော့တစ်ချောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး ဒီသော့ကို ခရီးစဉ်အတွင်း ယူဆောင်သွားခွင့်မပေးကြောင်း တားမြစ်ခံရပါတယ်။

 Carnival အေပ်ာ္စီးသေဘာၤဟာ သေဘာၤပၚကုိ လက္နက္အတု သို့မဟုတ် လက်နက်ပုံစံဖော်ထားတဲ့ ပစ္စည်းတစ်စုံတစ်ရာ ယူဆောင်လာခြင်းမှ တားမြစ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် Henry Echevarria ကတော့ သူရဲ့သေနတ်ပုံစံအိမ်သော့ဟာ တကယ့်သေနတ်အရွှယ်အစားထက် အရမ်းကိုသေးငယ်နေပြီး ဘယ်သူ့ကိုမှ စိတ်အနှောင့်အယှက်မဖြစ်နိုင်တာကြောင့် ခရီးစဉ်အတွင်း ယူဆောင်ခွင့်ပေးဖို့အတွက် တောင်းဆိုခဲ့ပေမယ့် သဘောင်္လုံခြုံရေးက လုံးဝလက်မခံခဲ့ပါဘူး။

 ဒါကြောင့် သဘောင်္လုံခြုံရေးနဲ့ Henry Echevarria တို့ စကားအနည်းအငယ် အချင်းများခဲ့ကြပြီး ခရီးစဉ်ပျက်လုနီးပါးပါ ဖြစ်ခဲ့ရပါတယ်။ နောက်ဆုံးတော့ Henry လည်း အိမ့်သော့ကို လုံခြုံရေးလက်ထဲအပ်ပြီး သင်္ဘောခရီးစဉ်ကိုဆက်ခဲ့ရပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment