Powered by Blogger.

ဂျပန်နိုင်ငံမှာ လူကြိုက်များနေတဲ့ ရုရှားသမ္မတပူတင်ပုံတွေနဲ့ ပြက္ခဒိန်




 ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ပုံတွေချည်းသာ သီးသန့်ပါဝင်တဲ့ ပြက္ခဒိန်ရှိတယ်ဆိုတာတောင် ကြားတောင်မကြားဖူးပေမယ့် ဂျပန်နိုင်ငံမှာတော့ ပူတင်ဓါတ်ပုံပါတဲ့ ပြက္ခဒိန်တွေဟာ လွန်ခဲ့တဲ့လအနည်းငယ်လောက်ကတည်းက အခုထိ ရောင်းအားအရမ်းကောင်းနေတယ်လို့ ကြားသိရပါတယ်။

 ရုရှားသမ္မတပူတင်ရဲ့ဓါတ်ပုံများစွာပါဝင်တဲ့ ၂၁၀၇ခုနှစ် ပြက္ခဒိန်တွေကို Mednyi Vsadnik အမည်ရ စိန့်ပီတာစဘတ်ခ်ျအခြေစိုက်ကုမ္ပဏီက ရုရှားအစိုးရရဲ့ သဘောတူညီချက်ကို ရယူကာ ရောင်းချနေခြင်းဖြစ်ပါတယ်။ ဒီပြက္ခဒိန်တွေထဲမှာ လတိုင်းလတိုင်းကို ပူတင်ရဲ့ဓါတ်ပုံတွေ ဝေဝေဆာဆာ အသုံးပြုပေးထားပြီး နာမည်ကျော်ကြားခဲ့တဲ့ ပူတင်ရဲ့အဆိုအမိန့်တချို့ကိုပါ ထည့်သွင်းဖော်ပြပေးထားပါတယ်။ ပြက္ခဒိန်တွေကို အင်္ဂလိပ်ဘာသာအပါအဝင် ဘာသာစကားရှစ်မျိုးနဲ့ ဖြန့်ချိခဲ့တာဖြစ်ပြီး ရုရှားနိုင်ငံမှာထက် ဂျပန်နိုင်ငံမှာ ပိုမိုလူကြိုက်များလျက်ရှိနေပါတယ်။

 ပူတင်ဓါတ်ပုံပါဝင်တဲ့ ပြက္ခဒိန်များကို ဂျပန်နိုင်ငံအတွင်း ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် သြဂုတ်လကစတင်ကာ တစ်ခုကို ဆင့်ကိုးဆယ်နဲ့ရောင်းချတာဖြစ်ပြီး ပြက္ခဒိန်ထွက်လာတဲ့သတင်း ပျံနှံသွားမှုကြောင့် ပြက္ခဒိန်လာရောက်ဝယ်ယူသူဦးရေဟာ တစ်နေ့တစ်ခြား မြင့်တတ်လာခဲ့ပါတယ်။ ပြက္ခဒိန်အရောင်းဆိုင်များက ပူတင်ပါဝင်တဲ့ပြက္ခဒိန်တွေ ဒီလောက်အထိရောင်းရလိမ့်မယ်လို့ လုံးဝမမျှော်လင့်ထားကြောင်းနဲ့ လာရောက်ဝယ်သူများထဲမှ အမျိုးသမီးအများစုက ပူတင်ရဲ့ပုံကို ကြည့်ကောင်းလွန်းတဲ့သူဖြစ်လို့ ဝယ်ယူရတာဖြစ်ကြောင်း ပြောဆိုရှင်းလင်းပြသွားပါတယ်။


 ဂျပန်လူမျိုးများစာ ရုရှားသမ္မတပူတင်ကို စံနမူနာထားသင့်သူ ယောကျာင်္းပီသတစ်ဦးအဖြစ် ရူမြင်နေကြတာဖြစ်ပါတယ်။ ဒါကြောင့် ပူတင်ဓါတ်ပုံပါဝင်တဲ့ ပြက္ခဒိန်များကို အလုအယက်ဝယ်ယူအားပေးကြတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်အတွင်းမှာ ပြက္ခဒိန်ပေါင်း စောင်ရေသုံးသိန်းခွဲအထိပင် ရောင်းချခဲ့ရတယ်လို့ WAN သတင်းမီဒီယာမှ ဖော်ပြသွားခဲ့ပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment