နိုင်ငံအချို့မှာ ပစ္စည်းဥစ္စာခိုးယူသူများကို နောင်ကြဉ်သွားစေဖို့အတွက် လက်တွေခြေထောက်တွေကို ကြိုးတုပ်ပြီး လူလည်ခေါင်မှာ " ဘယ်သူဘယ်ဝှာဆီက ခိုးယူခဲ့ပါတယ် " ဆိုတဲ့ ဆိုင်းဘုတ်နဲ့ အရှက်အကွဲခံရတတ်ပါတယ်။ ဒါပေမယ့် ဒီတစ်ခေါက် အရှက်ကွဲခံရတာ လူမဟုတ်ပဲ ကြွက်တစ်ကောင်ဖြစ်နေပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်း ဟီယန်မြို့မှာရှိတဲ့ ကုန်စုံဆိုင်လေးတစ်ဆိုင်မှာ ကြွက်တွေလက်ချက်နဲ့ ဆန်တွေမကြာခဏ ဆုံးရှုံးနေရပါတယ်။ ဒါကို သည်းမခံနိုင်တော့တဲ့ ကုန်စုံဆိုင်ပိုင်ရှင်က ကြွက်ကိုအမိရအောင်ဖမ်းပြီး အသေမသတ်ပဲ ထူးခြားတဲ့ပုံစံတစ်မျိုးနဲ့ အပြစ်ပေးခဲ့ပါတယ်။
ဆိုင်ပိုင်ရှင်ဟာ ဖမ်းမိထားတဲ့ကြွက်ကို လက်တွေခြေထောက်တွေ ကြိုးတုပ်ပြီး ဆိုင်ရဲ့မျက်နှာစာ လူမြင်သာတဲ့နေရာမှာ ချိတ်ဆွဲထားခဲ့ပါတယ်။ ဒီလိုလုပ်ရုံသာမကပဲ ကြွက်ရဲ့လည်ပင်းမှာ " နောက်ကို ဒီလိုမျိုး ဘယ်တော့မှမခိုးစားတော့ပါဘူး " လို့ အဓိပ္ပာယ်ရတဲ့ စာသားပါ ဆိုင်းဘုတ်ကိုလည်း ချိတ်ဆွဲပေးထားခဲ့ပါသေးတယ်။
ဒီလိုပြုလုပ်ခြင်းဟာ ကွန်မြူနစ်ပါတီ ခေါင်းဆောင်းဟောင်း မော်စီတုန်းခေတ်က ပြုကျင့်ခဲ့တဲ့မူဝါဒတွေနဲ့ တူညီနေကြောင်း လူအများစုက မှတ်ချက်ပေးနေကြပါတယ်။ အဲ့ဒီခေတ်တုန်းကလည်း သူခိုးများကို ဖမ်းမိပြီဆိုရင် အခုလို လူလည်ခေါင်မှာ အရှက်တကွဲ အကျိုးနပ်ဖြစ်အောင် စီရင်လေ့ရှိပါတယ်။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Metro
0 comments:
Post a Comment