Powered by Blogger.

လက်နဲ့ကြိုးကိုသာသုံးပြီး လယ်ထွန်စက်မရွှေ့လျားနိုင်အောင် လုပ်ဆောင်နိုင်ခဲ့တဲ့ ပါကစ္စတန်လူသန်ကြီး


 ကိုယ်အလေးချိန် ၄၃၅ကီလိုဂရမ်ရှိပြီး ကမ္ဘာ့အားအသန်ဆုံးလူ ဖြစ်လာနိုင်တဲ့ ပါကစ္စတန်လူမျိုးတစ်ဦးဟာ ဘာအကူကိရိယာမှမသုံးပဲ နောက်ပြန်မောင်းနှင်တဲ့ လယ်ထွန်စက်ကို မရွှေ့လျားနိုင်အောင် ကြိုးနဲ့စွဲပြနိုင်ခဲ့ပါတယ်။

 ပါကစ္စတန်ရဲ့လူသန်ကြီး ( Pakistani Hulk ) လို့ လူသိများနေတဲ့ အသက် ၂၅နှစ်အရွှယ် Arbab Khizer Hayat ဟာ သူရဲ့သန်စွမ်းမှုအားကို လူတကာသိအောင် စွမ်းဆောင်ပြသွားခဲ့တာဖြစ်ကြောင်း Daily Mail သတင်းမီဒီယာက ဖော်ပြသွားခဲ့ပါတယ်။ Hayat က သူရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး “ ကျွန်တော်ရဲ့ရည်မှန်းချက်က အလေးမချန်ပီယံ (သို့) နပန်းချန်ပီယံဖြစ်ဖို့ပါပဲ။ ဘုရားသခင်က ကျွန်တော်ကို ဒီလိုခန္ဒာကိုယ်မျိုး ပေးအပ်သွားခဲ့တဲ့အတွက် ဘုရားသခင်ကိုလည်း ကျေးဇူးတင်မိပါတယ် ” ပြောဆိုသွားခဲ့ပါတယ်။



 Hayat ဟာ တစ်နေ့ကို ကယ်လိုရီတစ်သောင်းနီးပါး ပမဏရှိတဲ့ အစားအစာတွေကို စားသုံးလေ့ရှိပါတယ်။ Hayat နေ့စဉ် စားသုံးလေ့ရှိတဲ့ အစားအစာထဲမှာ မနက်စာအတွက် ကြက်ဥ ၃၆လုံး ၊ အသားဟင်း ၃ကီလိုဂရမ်နဲ့ နွားနို့ ၅လီတာစီ ပါဝင်နေပါတယ်။ အခုလို အစားကြီးပြီး ကိုယ်အလေးချိန်စီးနေပြီး ကျန်းမာရေးနဲ့ပတ်သတ်ပြီး ဘာဆိုးကျိုးမှ မခံစားရကြောင်းကိုလည်း Hayat က ပြောဆိုထားပါတယ်။

 ဆယ်ကျော်သက်အရွှယ်လောက်မှာ စတင်ပြီးထွားကျိုင်းလာခဲ့တဲ့ Hayat ဟာ ကမ္ဘာကျော်နပန်းဖျော်ဖြေမှုပွဲကြီးဖြစ်တဲ့ WWE မှာ သွားရောက်ယှဉ်ပြိုင်ချင်ကြောင်းနဲ့ ကမ္ဘာ့အသန်စွမ်းဆုံးသူဖြစ်ကြောင်း ဝန်ခံထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ Hayat ဟာ ဒေသခံတွေကြားမှာ ပေါ်ပြူလာဖြစ်နေပြီး Selfie တွဲရိုက်ဖို့ မကြာခဏခွင့်တောင်းခံနေရသူအဖြစ် ထင်ပေါ်ကျော်ကြားနေလျက်ရှိပါတယ်။





( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : ba-bamail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment