Powered by Blogger.

ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်တဲ့ အစားအစာများ


 ရေခဲသေတ္တာဆိုတာ သောက်စရာအရည်တွေကို အေးမျှသွားအောင် လုပ်ဆောင်ပေးနိုင်သလို အစားအစာများ လတ်ဆတ်နေအောင်လည်း လုပ်ဆောင်ပေးနိုင်တဲ့ အီလက်ထရောနစ် ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။ ဒါကြောင့် လူတွေဟာ အစားအစာများစွာကို ရေခဲသေတ္တာထဲမှာ စုပြုံထည့်လေ့ရှိပါတယ်။ ဒါပေမယ့် တချို့အစားအစာတွေကို ရေခဲသေတ္တာထဲမှာ  ထည့်ထားမယ်ဆိုရင် ဆိုးကျိုးတွေဖြစ်စေနိုင်တတ်ပါတယ်။ ဒီဆိုးကျိုးတွေရဲ့အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။

 ရေခဲသေတ္တာထဲမှာ  ပူစီနံပင်တွေကို ထည့်ထားမယ်ဆိုရင် အချိန်ခဏလေးအတွင်းမှာပဲ ခြောက်သွေ့ပြီးညှိုးနွမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမညှိုးနွမ်းသွားခင်စပ်ကြားမှာ ပူစီနံပင်ဟာ နဘေးနားမှာရှိတဲ့ အစားအစာတွေရဲ့အနံအသက်တွေကို စုပ်ယူသွားတတ်ပါတယ်။ ဒါကြောင့် ပူစီနံပင်ဟာ ရေခဲသေတ္တာထဲလို အေးမြတဲ့နေရာမှာ မထည့်ထားသင့်တဲ့ အစားအစာတစ်ခု ဖြစ်လို့နေပါတယ်။

 ဆက်လက်ပြီး အာလူးတွေကိုလည်း ရေခဲသေတ္တာထဲမှာ ထည့်မထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အအေးဓါတ်ဟာ အာလူးမှာပါဝင်တဲ့ ကစီဓါတ်ကို သကြားဓါတ်အဖြစ် ပြောင်းလဲသွားတာကြောင့် အချိုများနေတဲ့ အာလူးဖြစ်သွားနိုင်ပါတယ်။နောက်ထပ် ရေခဲသေတ္တာထဲမှာ မထည့်ထားသင့်တဲ့ အစားအစာကတော့ ကြက်သွန်ဖြူဖြစ်ပါတယ်။ ကြက်သွန်ဖြူကို ရေခဲသေတ္တာထဲမှာ အချိန်ခဏလေးနဲ့ မှိုတတ်စေနိုင်ပါတယ်။ တကယ်တော့ ကြက်သွန်ဖြူဟာ ခြောက်သွေ့တဲ့နေရာမှာသာ ထားရှိသင့်တဲ့ အစားအစာဖြစ်ပါတယ်။

 သံလွင်ဆီကိုတော့ ရေခဲသေတ္တာထုမှာ လုံးဝကိုမထားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရေခဲသေတ္တာထဲက အအေးဓါတ်ဟာ သံလွင်ဆီကို ခဲသွားစေနိုင်တဲ့အပြင် ဆီရဲ့မျက်နှာပြင်ကိုလည်း ထောပတ်ခဲတစ်လို ဖြစ်သွားစေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ သံလွင်ဆီကို နေရောင်မရနိုင်တဲ့ ခြောက်သွေ့သောနေရာမှာသာ ထားသင့်ပါတယ်။ ကော်ဖီတစ်ခွက်ကိုလည်း ရေခဲသေတ္တာထဲမှာ ထည့်ထားလို့ မသင့်ပါဘူး။ ထည့်ထားမယ်ဆိုရင်တော့ ကော်ဖီရဲ့အနံအရသာကို ပြောင်းလဲသွားစေနိုင်သလို အနီးပတ်ဝန်းကျင်က အစားအသောက်တွေရဲ့အနံအရသာတွေလည်း စုပ်ယူနိုင်ပါလိမ့်မယ်။ ဒါကြောင့် ဒီအစားအစာများကို ရေခဲသေတ္တာထဲမှာ လုံးဝထားဖို့မသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်ခင်ဗျာ။



( VitamiN )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : ba-bamail

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment