Powered by Blogger.

မျက်လုံးတွေကို လျှာနဲ့လျက်ပြီး သန့်ရှင်းပေးတဲ့ ဘော့စနီယားကအဘွားအို



 အသက်ရှစ်ဆယ်အရွှယ်ရှိ Hava Celebic အမည်ရ ဘော့စနီးယားနိုင်ငံသူ အဘွားအိုကြီးဟာ မျက်လုံးထဲကို အညစ်အကြေးများနဲ့ မျက်လုံးကိုဒုက္ခပေးတတ်တဲ့ သေးငယ်တဲ့အရာလေးတွေဝင်ရောက်ခြင်းကနေ ကူညီပေးနိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် ထူးဆန်းတာကတော့ ဆေးဝါးအကူအညီနဲ့ မျက်လုံးကိုသန့်ရှင်းပေးတာမဟုတ်ပဲ လျှာနဲ့မျက်လုံးကိုလျက်ပြီး သန့်ရှင်းပေးတာဖြစ်နေပါတယ်။



ဒီလိုထူးခြားတဲ့ မျက်လုံးသန့်ရှင်းရေးအလုပ်ကို Nana Hava လို့ လူသိများတဲ့ အဘွားအိုက အမျိုးသမီးတစ်ဦးဆီကနေ သင်ယူလာခဲ့တာဖြစ်ပြီး ဆေးကုသပေးနေတာဆို ဆယ်စုနှစ်တစ်ခုလောက် ရှိနေပြီဖြစ်ပါတယ်။ Nana Hava ရဲ့ မျက်လုံးသန့်စင်နည်းကို စိတ်ဝင်စားကြလို့ လာရောက်ကုသကြတဲ့ လူနာများဟာ ဒေသတွင်းမှာသာမကပဲ အမေရိကန် ရုရှားတို့လို တခြားနိုင်ငံမှ လူနာများလည်းပါဝင်ပါတယ်။ လူနာအများစုက မျက်လုံးထဲမှာ ခဲ ၊ မီးသွေးမှုန့် ၊ သံတိုသံစနဲ့ လွှာစာမှုန့်ဝင်နေပြီး ဆေးဝါးနဲ့ကုသဖို့ ခက်ခဲနေတဲ့လူနာတွေပဲဖြစ်ပါတယ်။



  Nana ဟာ သူရဲ့ ဆေးကုသစရိတ်ကို ယူရိုဆယ်ဒေါ်လာ သတ်မှတ်ထားပေးမယ့် ပိုက်ဆံမတတ်နိုင်သူများဆိုရင်တော့ အခမဲ့ကုသပေးပါတယ်။ Nana ရဲ့ ဆေးဝါးကုသပုံကလည်း ရိုးရှင်းပါတယ်။ မျက်လုံးထဲကို လျှာနဲ့မလျက်ပေးခင် ပိုးသတ်တဲ့အနေနဲ့ လျှာကို အယ်ကိုဟောထဲ ခဏစိမ်ပြီးမှ မျက်လုံးထဲရှိ အမှိုက်သရိုက်တွေကို လျှာနဲ့ဖယ်ရှားပေးတာဖြစ်ပါတယ်။ လူနာပေါင်းငါးထောင်လောက် ကုသပေးခဲ့ပြီဖြစ်တဲ့ Nana က သူမရဲ့လျှာဟာ ဘုရားပေးတဲ့ဆုလာဘ်ဖြစ်ပြီး သူမအသက်သေဆုံးသွားတဲ့အခါ ရွှာသူရွှာသာများအနေနဲ့ သူမလျှာကိုဖြတ်ပြီး ဆက်လက်ဆေးကုသပေးဖို့အထိတောင် တိုက်တွန်းထားပါသေးတယ်ခင်ဗျာ။


( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment