Powered by Blogger.

Captain America ကို ရူးသွပ်ခဲ့တဲ့ ကယ်လီဖိုးနီးယားမြို့တော်ကောင်စီဝင်တစ်ဦး


 အသက် ၃၂နှစ်အရွှယ်ရှိ ကယ်လီဖိုးနီးယားမြို့ရဲ့ကောင်စီဝင်အသစ်ဦးဖြစ်သူ Lan Diep ဟာ ကောင်စီဝင်တစ်ယောက်အဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့နေ့မှာ သူလေးစားရတဲ့ Captain America ရဲ့ ဒိုင်းကြီးကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။

 Lan Diep အနေနဲ့ အခုလို Marvel Superheros ဇာတ်ကောင် Captain America ရဲ့ ဒိုင်းကိုယူပြီး မြို့တော်ကောင်စီဝင်အသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ခြင်းမှာ သူလေးစားအားကျရတဲ့ လူစွမ်းကောင်းဇာတ်ကောင်ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ Lan Diep ဟာ Captain America ဒိုင်းကြီးကိုင်ဆောင်ပြီး ကျမ်းကျိန်ခဲ့တဲ့ သူရဲ့ပုံစံကို လူမှုကွန်ယက်ပေါ်တွေမှာ ဖော်ပြသွားခဲ့ပြီး လူအများကလည်း နှစ်သက်သဘောကျခဲ့ပါတယ်။

 Captain America က အမေရိကန်လူမျိုးတွေရဲ့ စံနမူနထားစရာ ရုပ်ရှင်ဇာတ်ကောင်ဖြစ်တာကြောင့် Captain America လိုပုံစံမျိုး ဝတ်ဆင်လာခဲ့ရတာဖြစ်တယ်လို့ Lan Diep က ရှင်းပြပါတယ်။ Lan Diep က Captain America ရဲ့ ဒိုင်းအရုပ်ကြီးကို Captain America : The First Avenger ဇာတ်ကားထွက်ရှိတုန်းက သွားရောက်ဝယ်ယူထားခဲ့တာဖြစ်ပြီး နိုင်ငံရေးလောကကို စတင်ဝင်ရောက်ချိန်မှာတော့ ဒီဒိုင်းအရုပ်က သူကို လူအများသတိထားစေနိုင်အောင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သို့ပေမယ့်လည်း အခုမှာ ကောင်စီဝင်အသစ်အဖြစ် စတင်ထမ်းရွှက်မှာဆိုတော့ Lan Diep တစ်ယောက် သူအားကျလေးစားရတဲ့ Captain America လို လူသားအကျိုးကို သယ်ပိုးဆောင်ရွှက်နိုင်မလားဆိုတာ စောင့်ကြည့်သွားရဦးမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment