Powered by Blogger.

ချစ်သူဟောင်းရဲ့အက်ဆစ်နဲ့တိုက်ခိုက်မှုကိုခံလိုက်ရတဲ့ မော်ဒယ်ပြိုင်ပွဲဝင်ဟောင်းတစ်ဦး



 အသက် ၂၈နှစ်အရွှယ်ရှိ Miss အီတလီပြိုင်ပွဲဝင်ဟောင်းတစ်ဦးဖြစ်သူ Gessica Notaro ဟာ တချိန်ကချစ်ကြိုက်ဖူးခဲ့တဲ့ ချစ်သူဟောင်းဖြစ်သူရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် မျက်နှာမှာဒဏ်ရာများစွာရရှိခဲ့ပြီး အမြင်အာရုံချို့ယွင်းလုနီပါးအထိပါ ဖြစ်ပွားသွားခဲ့ရပါတယ်။

 Gessica Notaro ဟာ သူရဲ့ချစ်သူဟောင်းဖြစ်သူ Jorge Edson Tavares ရဲ့အက်ဆစ်နဲ့ ရုတ်တရုတ် ဝင်ရောက်တိုက်ခိုက်မှုကြောင့် မျက်နှာမှာ အပြင်းအထန်ထိခိုက်သွားခဲ့ရပြီး ဆေးရုံကို အချိန်မှီပို့ဆောင်နိုင်ခဲ့တာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ မဖြစ်ခဲ့ပဲ ပြန်လည်သက်သာလာခဲ့ရပါတယ်။

 Gessica Notaro ဟာ အီတလီနိုင်ငံ အရှေ့ဘက်ကမ်းခြေမှာရှိတဲ့ သူမနေအိမ်မှ ထွက်ခွာလာစဉ် ပုန်းခိုနေတဲ့နေရာကနေ ရုတ်တရတ်တိုက်ခိုက်ခဲ့တဲ့ သူမရဲ့ချစ်သူဟောင်းကြောင့် အခုလိုထိခိုက်သွားခဲ့တာဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာကြောင့် မျက်နှာနဲ့မျက်လုံးတို့မှာ စိုးရိမ်ရတဲ့အနေအထား ရှိနေဆဲဖြစ်ပြီး ခြေထောက်နဲ့ဒူးခေါင်းတို့မှာလည်း အနည်းငယ်ထိခိုက်သွားခဲ့ပါတယ်။


Gessica Notaro နဲ့ ကိတ်ဗာဒီနိုင်ငံသား Jorge Edson Tavares တို့ဟာ ရုပ်သံအစီအစဉ်တစ်ခုမှာ စတင်ဆုံစည်းခဲ့ကြတာဖြစ်ပြီး ချစ်သူတွေဘဝကို ရောက်သွားခဲ့တာဖြစ်ပါတယ်။ စိတ်သဘောထားချင်း မတိုက်ဆိုင်တာကြောင့် ချစ်သူတွေအဖြစ်မှ လမ်းခွဲလိုက်ကြပြီးနောက် Jorge Edson Tavares ဘက်ကနေ လမ်းခွဲမှုနဲ့ပတ်သတ်ပြီး ခြိမ်းခြောက်မှုတွေ အဆက်မပြတ်လုပ်ခဲ့သေးတယ်လို့ သိရပါတယ်။ Jorge Edson Tavares ဟာ သူရဲ့လုပ်ရက်ကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး သူကျူးလွန်ခဲ့တာမဟုတ်ကြောင်း ငြင်းဆိုထားခဲ့ပါတယ်ခင်ဗျာ။


( VitamiN )

#health.thithtoolwin.com
#သစ်ထူးလွင်(ကျန်းမာရေး)

Ref : Healthy Viral

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment