Powered by Blogger.

ဇီးကွက်ကို အမွှေးတွေချွတ်လိုက်တဲ့အခါ ဂြိုဟ်သားပုံစံနဲ့တူသွားခဲ့



အမွှေးထူထဲတဲ့ ငှက်တစ်ကောင်ဖြစ်တဲ့ ဇီးကွက်ကို အမွှေးတစ်မွှေးမှ မရှိတော့တဲ့အခါ ဘယ်လို ပုံစံဖြစ်သွားလဲဆိုတာကို တွစ်တာအသုံးပြုသူတစ်ယောက်က မေးခွန်းထုတ်ပြီး တင်ခဲ့တဲ့အခါမှာတော့ ရယ်စရာအဖြေထွက်လာပါတယ်။

 ဇီးကွက်က အမွှေးတစ်မွှေးမှ ဖုံးအုပ်ထားခြင်းမရှိတဲ့အခါမှာ ဂြိုဟ်သတ္တဝါတစ်ကောင်ပုံစံမျိုးနဲ့ ခပ်ဆင်ဆင်ဖြစ်သွားပြီး လူအတော်များများကလည်း ဒီကိစ္စပေါ်မှာ အငြင်းအခုံတွေ ပြုလုပ်ခဲ့ကြပါတယ်။

Dana Schwartz ဆိုတဲ့ ဘလော့ဂါတစ်ယောက်က သူမရဲ့ ဇီးကွက်ကို အတောင်ချွတ်ထားတဲ့ ဓာတ်ပုံကို ဖော်ပြခဲ့ပြီး ဒါဟာ Google ကနေ ရှာဖွေထားတာဖြစ်ပြီး သူမအနေနဲ့ ဇီးကွက်ရဲ့ ပုံစံကိုကြည့်ပြီး shock ရခဲ့ရတယ်လို့ ရေးသားထားခဲ့ပါတယ်။


ဇီးကွက်တိုင်းကတော့ ဒီလိုဖြစ်မယ်မထင်ဘူးလို့ တွစ်တာအသုံးပြုသူတွေက ငြင်းခုံခဲ့ကြပြီး တစ်ခြားအကောင်တွေကို အမွှေးတွေ အတောင်တွေ ချွတ်လိုက်မယ်ဆိုရင်လည်း အခုလိုပဲ ကြောက်စရာပုံစံထွက်မှာဖြစ်တာကြောင့် မဆန်းကြယ်ဘူးလို့လည်း ပြောခဲ့ကြပါတယ်။


ဇီးကွက်ကတော့ ကံဆိုးစွာနဲ့ပဲ ဂြိုဟ်ကောင်လို့ အပြောခံနေရပါတယ်။


( Mocha )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment