Powered by Blogger.

Heavy Metal ဂီတနဲ့ တရားဟောတဲ့ ခရစ်ယာန်ဘုရားကျောင်း



လူအချို့က Heavy Metal ဂီတကို နတ်ဆိုးတွေရဲ့ဂီတပုံစံလို့ သတ်မှတ်ထားကြပေမယ့် ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့က ခရစ်ယာနတ်ဘုရားရှိခိုးကျောင်းကတော့ လူတွေရဲ့အမြင်နဲ့ ဆန့်ကျင်ဘတ်ဖြစ်အောင် ဖန်တီးခဲ့လိုက်ပါတယ်။ ဒီဘုရားရှိခိုးကျောင်းမှာ ဘုရားစာတွေကို Heavy Metal ဂီတပုံစံနဲ့ ဟောပြောနေတာပဲ ဖြစ်ပါတယ်။

 Crash Church အမည်ရ ဒီဘုရားရှိခိုးကျောင်းဟာ ကားဂိုဒေါင်ရုံကြီးတစ်ခုမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး ဝတ်ပြုဆုတောင်းမယ့်နေရာထက် မြေအောက်ဂီတပွဲတော်ကြီးတစ်ခုနဲ့ ပိုမိုဆင်တူနေပါတယ်။ Crash Church ကျောင်းရဲ့ သင်းအုပ်ဆရာမှာလည်း အခြားသင်းအုပ်မျာရဲ့ပုံစံနဲ့ လုံးဝကွဲပြားနေပြီး တီရှပ်များ ၊ ဘောင်းဘီများနဲ့ အားကစားဖိနပ်များကို ဝတ်ဆင်ထားတဲ့အပြင် လက်မောင်းမှာလည်း တတ်တူးအပြည့် ထိုးထားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။



 Carlos Batista လို့အမည်ရတဲ့ သင်းအုပ်ဆရာဟာ ဘုရားရှိခိုးကျောင်းကို လာကြသူတွေအတွက် တရားဟောဒေသနာကျမ်းများကို Heavy Metal သံစဉ်တွေနဲ့ ဟောပြောပေးတာဖြစ်ပါတယ်။ Batista ဟာ Antidemon ဆိုတဲ့ ဂီတအဖွဲ့ရဲ့ပင်မအဆိုတော်တစ်ဦးဖြစ်ပြီး Crash Church ကျောင်းတော်ကို ၁၉၉၈ခုနှစ်က တွဲဖက်တည်ထောင်ခဲ့တာဖြစ်ပါတယ်။


 ထူးခြားတာကတော့ Batista ဟာ ယခင်ကတည်းက Metal တေးဂီတကို လုံးဝစိတ်ပါဝင်စားသူမဟုတ်ပဲ ဘုရားသခင်ရဲ့အလိုတော်ကြောင့် ဘုရားတရားတော်များကို လူတွေသိလွယ်မှတ်လွယ်သွားအောင်လို့ အခုလိုအကောင်အထည်ရတယ်ဖြစ်တယ်လို့ ရှင်းပြထားပါတယ်။ ဒါကြောင့် Batista ရဲ့ Crash ဘုရားကျောင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ ဘုရားကျောင်းတစ်ကျောင်း ဖြစ်နေသလို အငြင်းပွားစရာနေရာကောင်းတဲ့ အဆောက်အအုံတစ်ခုလည်း ဖြစ်လို့နေပါတယ်ခင်ဗျာ။



( Vitamin )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment