Powered by Blogger.

ရုပ်ရှင်ဇာတ်ကားတွေထဲက တန်ဖိုးရှိတဲ့ စကားစုများ


" မင်းကိုတစ်စုံတစ်ယောက်က ဘာမှမလုပ်တတ်ဘူးလို့ မပြောစေနဲ့။ လူတွေက သူတို့တောင်မလုပ်နိုင်တာကို သူများလည်း မလုပ်နိုင်ဘူးလို့ ထင်ကျတယ်လေ။ အကယ်၍ မင်းတစ်ခုခုလုပ်ချင်ရင် မင်းစိတ်ကူးအတိုင်းလုပ်လိုက်ပါ "
( The Pursuit Of Happyness ဇာတ်ကားမှ ခရစ်ဂါဒနာရဲ့ပြောစကား )

" ကြီးကျယ်မြင့်မြတ်တဲ့ ယောကျာင်္းဆိုတာ မွေးကတည်းက ကြီးကျယ်မြင့်မြတ်လာတာမဟုတ်ဘူး။ ခမ်းနားမြင့်မြတ်ဖို့အတွက် မွေးလာတာ "
(The Godfather ဇာတ်ကားမှ မာရီယိုပူဇိုရဲ့ ပြောစကား )

" သံသရာနဲ့ မဆုံးနိုင်တဲ့ ဘဝကြီးထဲမှာ ငါတို့တွေ ဘာလုပ်ကျမှာလဲ "
( Gladiator ဇာတ်ကားမှ Maximus ရဲ့ပြောစကား )

" ကလေး။ သူရဲကောင်းတွေ အများကြီးရှိသလို ဒဏ္ဍာရီတွေလည်း အများကြီးရှိတယ်။ သူရဲကောင်းတွေကို အမြဲသတိရနေတတ်ပေမယ့် ဒဏ္ဍာရီဆိုတာတော့ ဘယ်တော့မှ မပျောက်ကွယ်သွားဘူး။ မင်းရဲ့နှလုံးသားနူးညံပါစေ ကလေး။ ဒါဆိုမင်းဘယ်တော့လမ်းမမှားနိုင်ဘူး "
( The Sandlot ဇာတ်ကားမှ ဘဘီရုရဲ့ပြောစကား )

" အခက်အခဲတွေကြားက ပွင့်တဲ့ ပန်းပွင့်တွေဟာ အရမ်းရှားပါးသလို အရာအားလုံးထက်လည်း လှပတယ် "
( Mulan ဇာတ်ကားမှ The Emperor ရဲ့ပြောစကား )

" လေ့ကျင်မှုဆိုတာ မတော်မဆတွေ ဖြစ်တတ်တာဘဲ။ ဘဝဆိုတာ ရွေးချယ်မှုလေ။ မင်းကိုယ်တိုင်ဒုက္ခသည်တစ်ယောက်ဖြစ်အောင် ရွေးချယ်နိုင်သလို ဒါမှမဟုတ် မင်းဖြစ်ချင်တာ တခြားတစ်ခုခုကို ရွေးချယ်နိုင်တယ် "
( Peaceful Warrior ဇာတ်ကားမှ ဆိုကရေးတီးရဲ့ပြောစကား )

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : AFI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment