စာရေးသူရော စာဖတ်သူများပါ အထူးသဖြင့် သက်လတ်ပိုင်းအရွှယ် စာဖတ်သူများရဲ့ငယ်ဘဝမှာ စူပါမာရီယိုဆိုတဲ့Nitendo ဂိမ်းတစ်ခုဟာ တစိတ်တပိုင်း ပါဝင်နေလိမ့်မယ်လို့ ယူဆမိပါတယ်။ ကျွန်တော်တို့တွေ ဒီဂိမ်းကို မကစားခဲ့ဖူးဆိုရင်တောင်မှ ဒီဂိမ်းအကြောင်းကိုတောင် အနည်းငယ်လောက် သိထားမယ်ထင်ပါတယ်။
oဒီနေ့မှာတော့ စူပါမာရီယိုဂိမ်းနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးသွားမှာမို့လို့ ဆက်လက်ဖတ်ရှူကြပါဦးခင်ဗျာ။
- Super Mario ဂိမ်းကိုစတင်တီထွင်ခဲ့တာ ယခုအထိဆို နှစ်ပေါင်းသုံးဆယ်တိုင် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
- မာရီယိုဂိမ်းရယ်လို့ မထွက်ပေါ်ခင် ၁၉၈၁ ခုနှစ်မှာ ထွက်ပေါ်ခဲ့တဲ့ Donkey King ဂိမ်းထဲမှာလည်း စူပါမာရီယို ပါဝင်ခဲ့ပါသေးတယ်။
- စူပါမာရီယိုဂိမ်းဟာ ကမ္ဘာ့အနှံအပြားကို အချပ်ရေ သန်းပေါင်း ၃၀၀အထိ ဖြန့်ချိရောင်းချနိုင်ခဲ့ပြီး သမိုင်းတွင်မယ့် အောင်မြင်မှုတစ်ခုလည်း ဖြစ်ခဲ့ရပါတယ်။
- ဂိမ်းဇာတ်ကောင် မာရီယိုရဲ့နာမည်အရင်း မာရီယိုမဟုတ်ပါဘူး။
"Ossan" ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အလယ်ပိုင်းခေတ်က ကောင်လေးတစ်ယောက်လို့ ဆိုလိုပါတယ်။ အဲဒီနောက် Mr.Video , Jumpman ဆိုတဲ့နာမည်တွေကနေ Mario ဆိုပြီ အဆင့်ဆင့် ပြောင်းလဲလာတာဘဲ ဖြစ်ပါတယ်။
- စူပါမာရီယိုကို စတင်ဖန်တီးတုန်းက အခုလိုပုံစံမျိုးမဟုတ်ဘဲ အက်ရှင်ဆန်ဆန်ဂိမ်းပုံစံ ဖြစ်ပါတယ်။ မာရီယိုဟာ ဒုံးပျံကိုစီးပြီး ရောင်ခြည်ထွက်တဲ့ သေနတ်နဲ့ရိုင်ဖယ်တို့ကို ကိုင်ဆောင်ထားတဲ့ ဇာတ်ကောင်ပုံစံ ဖြစ်ပါတယ်။
- စူပါမာရီယိုဂိမ်းထဲမှာ မှိုပွင့်အနီရောင်လေးမှာ အပြင်လောကမှာ တကယ်ရှိတဲ့မှိုဖြစ်ပြီး မှိုပွင့်ရဲ့အရောင်က လူတွေရဲ့စိတ်ကိုလှည့်စားနိုင်စွမ်း ရှိပါတယ်။
- Super Mario 3 မှာပါဝင်တဲ့ ကျွန်းရဲ့ပုံစံမှာ ဂျပန်နိုင်ငံရဲ့မြေပုံ ပုံစံဖြစ်ပြီး ကျွန်းမှာရှိတဲ့ရဲတိုက်နေရာကတော့ စူပါမာရီယိုဂိမ်းကို စတင်တီထွင်ခဲ့တဲ့နေရာကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : BuzzFeed
0 comments:
Post a Comment