Powered by Blogger.

ဂိုးတိုင်နောက်မှာ ဆီးအသွားကောင်းလို့ အထုတ်ခံလိုက်ရတဲ့ ဂိုးသမား


 စကော့လန်ဘောလုံးသမားတစ်ဦးဟာ ဘောလုံးပွဲချိန်အတွင်း ဆီးအရမ်းသွားဖို့ မအောင့်နိုင်တော့တာကြောင့် ဂိုးတိုင်အနောက်ဘက်မှာ ဆီးသွားခဲ့တာကြောင့် ဒိုင်လူကြီးက အနီကတ်ပြပြီး ကွင်းအတွင်းမှ ထုတ်ပယ်ခြင်းကို ခံလိုက်ရပါတယ်။

 အနီကတ်ပြ အထုတ်ခံလိုက်ရတဲ့ ကစားသမားဟာ Shettleston FC အသင်းရဲ့ဂိုးသမား Garry Whyte ဖြစ်ပြီး Shotts Bon Accord အသင်းနဲ့ကစားခဲ့တဲ့ စကော့တလန်စူပါလိဂ်ပွဲစဉ်ရဲ့ ပွဲချိန် ၇၂မိနစ်မှာ အထုတ်ခံခဲ့ရတာဖြစ်ပါတယ်။ Garry Whyte က သူရဲ့အဖြစ်ကို Facebook စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပြီး သူအနေနဲ့ အသက်ရှစ်နှစ်ခန့်လောက်ကတည်းက ဘောလုံးကစားခဲ့တာ အခုအချိန်ထိ အနီကတ်ပြသခြင်း မခံခဲ့ရပေမယ့် ဒီတစ်ချိန် ပထမဆုံး အနီကတ်ပြခံရခြင်းက သူ့ဘဝအတွက် ဆိုးရွှားတဲ့အမှတ်တရတစ်ခု ဖြစ်ခဲ့တယ်လို့ ရေးသားသွားခဲ့ပါတယ်။

 Shettleston FC အသင်းရဲ့ သူဌေးက Garry Whyte အနေနဲ့  ဂိုးလွန်ဘောဖြစ်သွားပြီးနောက် ဘောလုံးတည်ထားပြီး မကန်သေးပဲ ဂိုးတိုင်အနောက်ကို အပြေးသွားကာ နံရံကိုဆီးသွားလိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၂၁နှစ်အရွှယ် ဂိုးသမား Garry Whyte ကတော့ လုံးဝမနေနိုင်လွန်းလို့ အိမ်သာသွားဖို့  ဒိုင်လူကြီးကို ခွင့်တောင်းခဲ့ပေမယ့် ပွဲရပ်နားခွင့်မပေးတာကြောင့် ဖြစ်သလိုလုပ်ခဲ့လိုက်ရတာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။


( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : BuzzFeed

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment