Powered by Blogger.

ဆယ်နှစ်သားလေးက မိဘမသိအောင် ကားကိုယူမောင်း


 ဆယ်နှစ်အရွှယ်သာရှိသေးတဲ့ ကလေးငယ်လေးတစ်ယောက်က သူ့မိဘပိုင်တဲ့ကားကို မိဘတွေလစ်ချိန်မှာ ယူမောင်းခဲ့ပြီး မြို့ထဲရှိ ဈေးဆိုင်တစ်ဆိုင်အထိ ၁၁ မိုင်လောက်ကို မောင်းနှင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်များက ပြောဆိုခဲ့ပါတယ်။

 ကလေးဟာ ကားကို ဒယိမ်းဒရိုင်မောင်းနှင်လာသလို သတ်မှတ်ထားတဲ့မိုင်နှုန်းထက် ပိုမိုနေတာကြောင့် ယာဉ်ထိန်းရဲများက ကားကို လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ဒီလို လိုက်လံဖမ်းဆီးတဲ့အချိန်မှာ ကလေးငယ်မောင်းနှင်လာတဲ့ကားဟာ တစ်နာရီကို မိုင် ၇၀ အရှိန်နဲ့ မောင်းနှင်နေသလို လုံးဝကိုဘရိတ်အုပ်ခြင်းမရှိပဲ လက်ဘေးဝဲယာက ပလက်ဖောင်းကိုဝင်တိုက်သွားမှသာ ကားကစက်ရပ်တန့်သွားခဲ့တာဖြစ်ပါတယ်။ ကားရပ်တန့်သွားတဲ့အချိန် ကားအနားကို ရဲတွေရောက်သွားတဲ့အခါမှ ကားမောင်းလာခဲ့သူက ဆယ်နှစ်သားလေးဖြစ်နေမှန်း အံသြစွာ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

  ပလက်ဖောင်းနဲ့ဝင်တိုက်မိခဲ့ပေမယ့် ကားမောင်းလာတဲ့ ကလေးငယ်လေးရော လမ်းပေါ်ကလူတွေရော ထိခိုက်ဒဏ်ရာ တစ်စုံတစ်ရာမှ မရှိခဲ့ပဲ ကလေးငယ်မောင်းနှင်လာစဉ်က ကားဟာ ကုန်တင်လော်ရီကားတစ်စီးနဲ့ ဝင်တိုက်လုနီးပါး ဖြစ်သွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတားမြစ်ခြင်းကနေ ထွက်ပြေးမောင်းနှင်ခဲ့တာကြောင့် ကလေးငယ်လေးကို အချုပ်ခဏချထားပြီး ဒဏ်ငွေရိုက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ကလေးသူငယ်တွေ မြင်သာတဲ့နေရာမှာ ကားသော့ကိုထားမိတဲ့ မိဘတွေရဲ့အပြစ်လည်းမကင်းသလို အမှုမဲ့အမှတ်မဲ့ ပြုလုပ်လိုက်ခြင်းကနေ ကြီးမားတဲ့ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ကြောင်း သတိပြုဖွယ်ဖြစ်အောင် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment