Powered by Blogger.

ရုပ်သံနဲ့အင်တာဗျူးနေတုန်း ဝက်ပေါက်ကလေးကို နို့တိုက်ခဲ့တဲ့အမျိုးသမီးကြီး


 ရုပ်သံအစီအစဉ်တစ်ခုကနေ ချီလီနိုင်ငံသူ ဒေသခံအမျိုးသမီးကြီးတစ်ဦးကို အင်တာဗျူးပြုလုပ်နေတဲ့အချိန်မှာ အမျိုးသမီးကြီးရဲ့ ရုတ်တရတ်အပြုအမှုတစ်ခုကြောင့် ရုပ်သံအစီအစဉ်ကလူတွေရော ရိုက်ကူးရေးပြုလုပ်နေတဲ့ အနီးအနားကလူများပါ လန့်ဖြတ်သွားခဲ့ပါတယ်။

  ရုပ်သံသတင်းဌာနာကနေ ချီလီနိုင်ငံ ကျေးလက်ပိုင်းဒေသများမှာ မိုးတအားရွှာပြီး ရေကြီးရေလျှံမှုများကြောင့် ဒေသတွင်းစီးပွားရေးအခြေအနေပေါ် ဘယ်လောက်ထိအကျိုးသက်ရောက်သွားခဲ့သလဲဆိုတာနဲ့ပတ်သတ်ပြီး ဒေသခံအမျိုးသမီးတစ်ဦးနဲ့ အင်တာဗျူးခဲ့တာဖြစ်ပါတယ်။

 ဒေသခံအမျိုးသမီးကလည်း သူတို့ဒေသမှာ မြစ်ရေလျှံတတ်လာမှုကြောင့် ဆည်မြောင်းကျိုးသွားခဲ့ရပြီး ရေတွေမတရားများနေလို့ ဝက်ပေါက်လေးတွေကို ကတ်ထူပြားတွေထဲမှာ ထည့်ပေးထားရကြောင်း ဖြေဆိုသွားခဲ့ပါတယ်။ ဒီအထိ အင်တာဗျူးအစီအစဉ်က ပုံမှန်အတိုင်းရှိခဲ့ပါတယ်။

 ဒေသခံအမျိုးသမီးကြီး သတင်းတင်ဆက်သူရဲ့ မေးခွန်းကိုဖြေဆိုပြီးချိန်မှာ သူ့အနားမှာရှိတဲ့ ဝက်ပေါက်လေးတစ်ကောင်ကို ကောက်ကိုင်လိုက်ပြီး သူမရဲ့ရင်ဘက်နားမှာ ကပ်ထားလိုက်ပါတယ်။ အံသြစရာကောင်းတဲ့ အခိုက်အတန့်က အခုမှစပါတော့တယ်။


 ထိုအမျိုးသမီးဟာ သူရဲ့အကျီင်္ကိုလှန်တင်ရင်း ရိုက်ကူးရေးလုပ်နေရင်းတန်းလန်းကြီးနဲ့ ဝက်ပေါက်လေးကို နို့တိုက်သလိုပုံစံမျိုးကို အမှတ်မထင်ပြုလိုက်ပါတယ်။ သတင်းလာမေးသူလည်း ဒေသခံအမျိုးသမီးရဲ့လုပ်ရက်အပေါ် အံသြသွားပြီး ဘာမေးခွန်းမှ ဆက်မမေးနိုင်တော့အောင် ဖြစ်သွားခဲ့ရပါတယ်။ အခုလို ရုတ်တရတ်ကြီး ဝက်ပေါက်လေးကို နို့တိုက်ခဲ့တာဟာ တမင်သက်သက်နာမည်ကြီးအောင် ဖန်တီးတာလား ဒါမှမဟုတ် ဝက်ပေါက်လေးတွေအပေါ် သံယောဇဉ်ကြီးမားနေလို့ဆိုတာတော့ တွေးရခက်အောင်ပါပဲဗျာ။


( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment