Powered by Blogger.

ရွှေငါးလေးရဲ့အကျိတ်ကို ကုသဖို့အတွက် ဒေါ်လာနှစ်ရာ့ငါးဆယ်ခန့်သုံးခဲ့တဲ့ မိသားစု



လူတွေဟာ ကိုယ်ကျွေးမွေးစောင့်ရှောက်ရတဲ့ တိရစ္ဆာန်လေးများအပေါ်မှာ ကိုယ်ရဲ့သားသမီးတွေလို သံယောဇဉ်ထားတတ်ကြပါတယ်။ အခုအခါမှာလည်း နှစ်ပေါင်းများစွာ မွေးမြူထားတဲ့ ရွှေငါးလေးဆီမှာ ဖြစ်ပေါ်နေတဲ့ အကျိတ်ကိုကုသဖို့အတွက် ပိုင်ရှင်မိသားစုက ဒေါ်လာနှစ်ရာ့ငါးဆယ်အထိ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။


 Bob လို့အမည်ပေးထားတဲ့ ရွှေငါးလေးဟာ ဆူးတောင်မှာအကျိတ်ပေါက်နေတာဖြစ်လို့ သူရဲ့ပိုင်ရှင်မိသားစုက ငွေကြေးအကုန်အကျခံကာ ရွှေငါးလေးကို နဂိုပုံစံအတိုင်း ပြန်လည်ရရှိဖို့အတွက် ကြိုးစားခဲ့ပါတယ်။


 ရွှေငါးရဲ့ပိုင်ရှင်တွေက တိရစ္ဆာန်ဆေးကုဆရာဝန်တွေထဲမှာ နာမည်ကြီးတဲ့ ဒေါက်တာ Bethell ဆီမှာ သွားရောက်ကုသခဲ့ပြီး ခွဲစိတ်ချိန် မိနစ်သုံးဆယ်ခန့်အကြာမှာ ခွဲစိတ်မှုအောင်မြင်သွားခဲ့ပါတယ်။ ကျန်းမာရေးပြန်ကောင်းသွားခဲ့တဲ့ ရွှေငါးလေး Bob ဟာ အသက်အရွှယ်အားဖြင့် နှစ်ဆယ်ကျော်ခန့်ရှိနေပြီဖြစ်တာကြောင့် Bob ရဲ့ပိုင်ရှင်များက သူ့အပေါ်မှာ မိသားစုဝင်တစ်ခုလို ပြုမှုဆက်ဆံနေတာဖြစ်လို့ အခုလိုအကုန်အကျခံကာ ဆေးကုသပေးခဲ့တာဖြစ်ပါတယ်။

 Bob ကို ခွဲစိတ်ပေးခဲ့တဲ့ ဒေါက်တာ Bethell က သူရဲ့တိရစ္ဆာန်ဆေးကုတဲ့ သက်တမ်းတလျောက်မှာ Bob လို သက်တမ်းရှည်တဲ့ တိရစ္ဆာန်မျိုးကို တစ်ခါမှမကုသဖူးခဲ့ကြောင်းနဲ့ ရွှေငါးကိုကုသရတာဖြစ်တာကြောင့် ခွဲစိတ်ကုသခဲ့တဲ့ ပစ္စည်းတွေအားလုံးကို သေးသေးလေးတွေသာ အသုံးပြုခဲ့ရလို့ တော်တော်လက်ဝင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေါက်တာ Bethell က Bob မှာ မိသားစုဝင်လို ကြင်နာသနားတတ်တဲ့ ပိုင်ရှင်တွေရှိနေတာ အရမ်းကံကောင်းတယ်လို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment