ငါးနှစ်ကျော်ပျောက်ဆုံးနေတဲ့ အမျိုးသားတစ်ဦးကို အမေဇုန်တောထဲမှ ပြန်လည်တွေ့ရှိ
လူလောကကြီးနဲ့ ငါးနှစ်လောက် အဆက်အသွယ်ပြတ်နေရတဲ့ ကနေဒါနိုင်ငံသားတစ်ဦးကို သူရဲ့နေရပ်နဲ့ မိုင်ပေါင်းခြောက်ထောင့်ငါးရာကျော်ကွာဝေးတဲ့ ဘရာဇီးနိုင်ငံ အမေဇုန်တောနက်ကြီးထဲမှာ ပြန်လည်ရှာဖွေ တွေ့ရှိခဲ့ပါတယ်။
Anton Pilipa လို့အမည်ရ ကနေဒါနိုင်ငံသားဟာ ၂၀၁၂ခုနှစ်ကတည်းက သူရဲ့နေရပ် ဗန်ကူးဗားမြို့ကနေ ပျောက်ဆုံးသွားခဲ့တာဟာ ငါးနှစ်အထိပင် ကြာညောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ပရဟိတသမားတစ်ဦးဖြစ်သူ Anton ကို သူရဲ့မိသားစုဝင်များက နှစ်ပေါင်းများစွာ လိုက်လံရှာဖွေခဲ့ကြပေမယ့် လုံးဝကိုရှာမတွေ့နိုင်ခဲ့တာကြောင့် သေဆုံးသွားပြီလို့သာ ယူဆလိုက်ကြတာဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ Anton ရဲ့မိသားစုဆီကို ဘရာဇီးနိုင်ငံမှာ ဖုန်းဝင်လာခဲ့ပြီး Anton ကို ကမ္ဘာ့အကြီးမားဆုံး သစ်တောကြီးတစ်ခုဖြစ်တဲ့ အမေဇုန်တောထဲကနေ ရှာဖွေတွေ့ရှိခဲ့တယ်လို့ အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
Anton အသက်ရှင်နေသေးတယ်ဆိုတဲ့သတင်းကို ကြားသိလိုက်ရတဲ့အခါမှာတော့ Anton ရဲ့မိသားစုဝင်များက မယုံနိုင်အောင် ဖြစ်သွားခဲ့ရသလို အရမ်းကိုဝမ်းသာကြည်နူးသွားခဲ့ပါတယ်။ ဒီလိုနဲ့ Anton ရှိရာ ဘရာဇီးနိုင်ငံကို Anton မိသားစုဝင်အချို့ လိုက်လာခဲ့တဲ့အခါမှာတော့ Anton ရဲ့ပုံပန်းသဏ္ဍန်ဟာ အတော်လေးကို စုတ်ပြတ်နှံချာနေပြီး သူအရင်က ခံစားဖူးခဲ့တဲ့ စိတ်ကစဉ့်ကလျားရောဂါမှာလည်း အတော်လေး အခြေအနေဆိုးနေပါတယ်။ ဒါပေမယ့် အမေဇုန်လို ကမ္ဘာ့နာမည်ကြီးတောနက်ကြီးထဲမှာ ရှင်သန်နေထိုင်နိုင်ခဲ့တဲ့ Anton ကို မိသားစုဝင်များတွေရော အခြားသူများက ဝိုင်းဝန်းချီးကျုးဂုဏ်ပြုနေကြပြီး သူနေထိုင်ရာ ကနေဒါနိုင်ငံကို ပြန်လည်ခေါ်ဆောင်သွားခဲ့ပြီဖြစ်ပါတယ်။
Anton က အမေဇုန်တောကြီးထဲမှာ ရှင်သန်နေထိုင်ခဲ့ရတာဟာ မလွယ်ကူကြောင်းနဲ့ တောထဲမှာနေထိုင်တဲ့ မျိုးနွယ်စုတစ်ခုရဲ့ အကူအညီအထောက်အပံကိုလည်း ရရှိခဲ့သေးကြောင်း ပြောဆိုရှင်းပြခဲ့ပါတယ်။ အခုလို ငါးနှစ်ကျော်ကြာ မပျောက်ဆုံးခင်က Anton ဟာ အမေရိကန် ၊ မက္ကဆီကို ၊ ဂွာတီမာလာ ၊ ကော်စတာရီကာ ၊ အာဂျင်တီးနားနဲ့ သူနောက်ဆုံးရောက်ခဲ့တဲ့ ဘရာဇီးနိုင်ငံအထိ ပတ်စပို့စ်မယူဆောင်ပဲ ခရီးသွားနေသူတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာ။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Elite Readers
0 comments:
Post a Comment