Powered by Blogger.

သံချောင်းအချောင်းလေးဆယ်ခန့်ကို နှစ်မိနစ်အတွင်း ခေါင်းနဲ့ရိုက်ပြနိုင်ခဲ့သူ


 John Ferraro အမည်ရှိ အမေရိကန်နိုင်ငံသား နပန်းသမားတစ်ဦးဟာ သူရဲ့ဦးခေါင်းကိုသာ အသုံးပြုပြီး သံချောင်းရေအချောင်းသုံးဆယ့်ရှစ်ချောင်းကို နှစ်မိနစ်အတွင်းမှာ ရိုက်ပြသွားနိုင်ခဲ့ပြီး ဂင်းနစ်စံချိန်သစ် ရေးထိုးနိုင်ခဲ့ပါတယ်။

 Hammer Head လို့ နာမည်ပြောင်ရထားသူ John Ferraro ဟာ အီတလီနိုင်ငံက Lo Show Dei Record ပြိုင်ပွဲမှာ သူရဲ့ဦးခေါင်းမာကြောမှုကို လာရောက်ပြသသွားရင်းနဲ့ အခုလို ဂင်းနစ်စံချိန်သစ်ကိုပါ ရရှိသွားခဲ့တာဖြစ်ပါတယ်။ Ferraro ဟာ ယခင်ကလည်း ဘိုလင်းဘောလုံးကို အသုံးပြုပြီး တစ်မိနစ်အတွင်း ကွန်ကရစ်ဘလောက်တုံးများများကို ခေါင်းနဲ့ခွဲပြဖူးခဲ့ကာ ဂင်းနစ်စံချိန်တင်ထားနိုင်ခဲ့ပါသေးတယ်။ ဒီလို ကွန်ကရစ်တုံးများကို ခေါင်းနဲ့တိုက်ခွဲနိုင်ဖို့ဆိုတာ သာမာန်လူတစ်ဦးရဲ့ဦးခေါင်းခွံထက် သုံးဆလောက် မာကြောနေမှ ခွဲနိုင်မှာဖြစ်ပါတယ်။



  အခုလို ဂင်းနစ်စံချိန်တွေ တင်နိုင်ခဲ့တာပတ်သက်ပြီး Ferraro က " လေ့ကျင့်ခြင်း ၊ ပြင်ဆင်ခြင်းတို့က ကျွန်တော်ရဲ့ရည်မှန်းချက်ကို အကောင်းဆုံး အကောင်အထည်ဖော်စေနိုင်ပါတယ်။ ကျွန်တော်က ကိုယ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့လည်း အမြဲတမ်းယုံကြည်မှုရှိနေပါတယ် " လို့ ပြောဆိုသွားခဲ့ပါတယ်။ John Ferraro ဟာ ၂၀၁၆ခုနှစ်တုန်းကလည်း နာမည်ကျော် တီဗီအစီအစဉ်တစ်ခုဖြစ်တဲ့ America's Got Talent မှာ Gino Martino နာမည်နဲ့ နပန်းစွမ်းရည်တွေ ပြသသွားခဲ့ဖူးပါတယ်ခင်ဗျာ။


( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment