Powered by Blogger.

အသက်ရှင်ရက်ပိုးဟပ်တစ်ကောင်ကို အမျိုးသမီးတစ်ယောက်ရဲ့ ဦးခေါင်းထဲက ဖယ်ရှားခဲ့ရ


အိန္ဒိယနိုင်ငံက ဆရာဝန်တွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဦးခေါင်းထဲကနေ အသက်ရှင်လျက်ရှိနေတဲ့ ပိုးဟပ်တစ်ကောင်ကို ဖယ်ရှားခဲ့ရကြောင်း သိရပါတယ်။

အသက် ၄၂နှစ်အရွယ် Selvi လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ နှာခေါင်းထဲမှာ တစ်မျိုးဖြစ်နေတာကြောင့် ဆရာဝန်ကိုသွားပြရာမှာ ဆေးရုံကို ပထမဆုံး ညွှန်းခဲ့ပါတယ်။ ဒါပေမယ့် ဆေးရုံက ဆရာဝန်တွေကလည်း နှာခေါင်းထဲရေဝင်နေတယ်လို့ပဲ အရင်ဆုံး ထင်မှတ်ခဲ့ကြပါတယ်။

အဲ့ဒီနောက် မကျေနပ်လို့ နောက်ထပ်ဆေးရုံတစ်ရုံသွားပြတော့မှ အထဲမှာ ကောင်းကောင်းအရွယ်ရောက်နေတဲ့ ပိုးဟပ်တစ်ကောင်ဟာ အတွင်းထဲကို ဝင်နေကြောင်း ဆရာဝန်တွေက တွေ့ရှိခဲ့ကြရတာပါ။

ဆရာဝန်ရဲ့ပြောကြားချက်အရ ပိုးဟပ်ဟာ မျက်လုံးနဲ့ ဦးနောက်အကြားက နေရာလွတ်ထဲမှာ ဝင်နေခဲ့တာပါ။

ဒီအကောင်ကို ဖယ်ထုတ်ဖို့အတွက် ဆရာဝန်တွေဟာ ၄၅မိနစ်ကြာ ခွဲစိတ်မှု ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။

( U Min Thant )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref: UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment