Powered by Blogger.

ကွဲနေတဲ့ ခရုအခွံကို ပြန်လည်ကောင်းမွန်အောင် ကုသပေးခဲ့တဲ့ တိရစ္ဆာန်ဆရာဝန်များ


 လမ်းသွားနေရင်းနဲ့ ခရုတစ်ကောင်ကို တတ်နင်းမိသွားလို့ ခရုရဲ့အခွံလေး ကွဲသွားတယ်ဆို သင်ဘာလုပ်မလဲ။ စဉ်းစားရခက်မယ်လို့ ထင်ပါတယ်။ မတော်တဆ တတ်နင်းမိလို့ ဒီခရုလေးအတွက် ဘာမှမလုပ်ပေးနိုင်ဖို့က ရာခိုင်နှုန်းပိုများမယ်ထင်ပါတယ်။ ဒါပေမယ့် အမျိုးသမီးတစ်ဦးကတော့ သူတတ်နင်းမိခဲ့တဲ့ ခရုလေးကို တိရစ္ဆာန်ဆေးခန်းအထိပါ သွားရောက်ကုသပေးခဲ့ပါတယ်။


အစ္စရေးနိုင်ငံ တယ်အဲဗစ်မြို့သူတစ်ဦးဟာ ခရုကောင်လေးအပေါ်မှာထားတဲ့ သူရဲ့စေတနာစိတ်ကြောင့် လတ်တလော အင်တာနက်ပေါ်မှာ နာမည်ကြီးနေရပါတယ်။ ထိုအမျိုးသမီးဟာ လမ်းသွားနေရင်းနဲ့ ခရုတစ်ကောင်ကို မတော်တဆတတ်နင်းမိသွားတာကြောင့် အခွံကွဲသွားရတဲ့ ခရုလေးအတွက် အနီးဆုံး တိရစ္ဆာန်ဆေးခန်းကို ခေါ်ဆောင်သွားခဲ့ပါတယ်။ တိရစ္ဆာန်ဆေးကုခန်းက ဆရာဝန်များကလည်း ကွဲနေတဲ့ခရုလေးရဲ့အခွံကို စိတ်ရှည်ရှည်နဲ့ ကုသပေးခဲ့ရာ အခုဆို ခရုအခွံလေးကို နဂိုအနေအထားအတိုင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

 Haclinica အမည်ရှိ တိရစ္ဆာန်ဆေးကုခန်းကနေ သူတို့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ခရုခွံအကွဲလေးကို အကောင်းပကတိအတိုင်းရအောင် ကုသခဲ့ပုံအကြောင်းကို ရေးသားဖော်ပြခဲ့ပါတယ်။ ဆရာဝန်များဟာ စိတ်ရှည်သည်းခံမှုနဲ့ ပါးနပ်လိမ္မာမှုတို့ကို အခြေခံပြီး အောက်ဆီဂျင်တစ်ဆ ကာဘွန်နှစ်ဆပါဝင်တဲ့ Epoxy ကော်နဲ့ ကွဲနေတဲ့အခွံကို ပြန်လည်ဆက်ပေးခဲ့တာဖြစ်ပါတယ်။ သူတို့ရဲ့ကြိုးစားမှုကို ဖေ့စ်ဘုတ်သုံးစွဲသူ တော်တော်များများက အသိအမှတ်ပြုသွားခဲ့ပြီး တိရစ္ဆာန်ဆရာဝန်များက သတ္တဝါတိုင်းရဲ့အသက်တိုင်းကို အဓိပ္ပာယ်ရှိကြောင်း ဖော်ပြသွားခဲ့တယ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Telegraph

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment