ဒီနေ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့မှာ ကျရောက်တဲ့ ချစ်သူများနေ့ ( Valentine's Day ) ကို ကမ္ဘာအနှံအပြားမှာ ပြုလုပ်ကျင်းပနေကြပေမယ့် မူဆလင်ကိုးကွယ်မှုများတဲ့ ပါကစ္စတန်နိုင်ငံမှာတော့ ချစ်သူများနေ့ ကျင်းပခွင့်ကို ပိတ်ပင်တားဆီလို့ထားပါတယ်။
ဒီတားမြစ်ခြင်းအမိန့်ကို ပြီးခဲ့တဲ့တနင်းလာနေ့က ပါကစ္စတန်နိုင်ငံရဲ့အဓိကမြို့တော် Islamabad ရှိ တရားရုံးကနေ အမိန့်ချလိုက်တာဖြစ်ပါတယ်။
ချမှတ်လိုက်တဲ့အမိန့်ထဲမှာ အများပြည်သူနဲ့ သက်ဆိုင်နေတဲ့နေရာဒေသများအားလုံးမှာ ချစ်သူများနေ့အထိန်းအမှတ်ပွဲတွေ လုံးဝကျင်းပခွင့်မပြုခြင်းတို့ ပုံနှိပ်မီဒီယာများနဲ့ အီလက်ထရောနစ်မီဒီယာများမှလည်း ချစ်သူများနေ့အကြောင်းကို ရေးသားဖော်ပြခွင့်မပြုခြင်းတို့ ပါဝင်ပါတယ်။ အစ္စလမ်ဘာသာနဲ့ လက်ယာနိုင်ငံရေးပါတီမှ တာဝန်ရှိသူတစ်ဦးက ချစ်သူများနေ့ဆိုတာ အနောက်တိုင်းနိုင်ငံတွေက ထွက်ပေါ်လာခဲ့တဲ့ လူပြိန်းများအကြိုက် နေ့ရက်တစ်ရက်ဖြစ်တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ်တုန်းကလည်း ပါကစ္စတန် ပြည်သူတွေ ချစ်သူများနေ့ကို မဆင်နွှဲဖို့ ပါကစ္စတန်သမ္မတဖြစ်သူ Mamnoon Hussain က တိုက်တွန်းခဲ့ဖူးသလို နိုင်ငံရဲ့အနောက်မြောက်ဒေသရှိ Kohat မြို့အတွင်းမှာလည်း ချစ်သူများနေ့ ပြုလုပ်ခွင့်ကို တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်ရတာဟာ ချစ်သူများနေ့က သူတိုရဲ့ကိုးကွယ်ယုံကြည်မှုနဲ့ လုံးဝကိုဆန့်ကျင်နေတာကြောင့်ဖြစ်တယ်လို့ Kohat မြို့အကြီးအကဲတစ်ဦးက BBC သတင်းဌာနာကို ဖြေဆိုခဲ့ဖူးပါတယ်ခင်ဗျာ။
( VitamiN )
#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)
Ref : Telegraph
0 comments:
Post a Comment