Powered by Blogger.

ကြံ့တွေကိုကာကွယ်ဖို့အတွက် ကျူးကျော်သူတွေကို သေနတ်နဲ့ပစ်ခွင့်ပေးထားတဲ့ အိန္ဒိယနိုင်ငံရဲ့ဥယျာဉ်



ကမ္ဘာပေါ်မှာရှိတဲ့ ကြံ့အကောင်ရေ သုံးပုံနှစ်ပုံခန့်ဟာ အိန္ဒိယနိုင်ငံ ကာဇီယန်ကာ အမျိုးသားဥယျာဉ်အတွင်းမှာ မွေးမြူထိန်းသိမ်းထားပါတယ်။ နောက်ပိုင်းကာလများမှာတော့ ကြံ့အကောင်ရေနည်းပါးလာမှုကြောင့် ဥယျာဉ်စောင့်များအနေနဲ့ ဥယျာဉ်အတွင်း ကျူးကျော်ဝင်ရောက်သူ မည်သူကိုမဆို သေနတ်နဲ့ပစ်သတ်ခွင့်ရှိကြောင်း အမိန့်ထုတ်လိုက်ပါတယ်။

 ကမ္ဘာပေါ်မှာ ကြံ့အကောင်ရေ တဖြည်းဖြည်းနည်းပါလာခဲ့ပေမယ့် ပြင်းထန်တဲ့အမိန့်ကို ထုတ်ပြန်ထားမှုကြောင့် ကာဇီယန်ကာဥယျာဉ်အတွင်းမှာတော့ ကြံအကောင်ရေပေါင်းဟာ ၂၄၀၀အထိလောက်ကို ကျန်ရှိနေသေးတာပဲဖြစ်ပါတယ်။

ကြံ့တွေရဲ့ဂျိုတွေဟာ ပျက်ဆီးချို့ယွင်းနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို အကောင်းပကိအတိုင်း ပြန်လည်ကောင်းမွန်စေနိုင်သလို ကင်ဆာရောဂါကိုပင် ပျောက်ကင်းစေနိုင်တာကြောင့် တရုတ်နိုင်ငံနဲ့ ကမ္ဘောဒီးယားနိုင်ငံတို့မှာ မှောင်ခိုဈေးနဲ့ ကြံ့ဂျိုတွေကို ရောင်းချလျက်ရှိပါတယ်။ ဒါကြောင့် ကာဇီယန်ကာဥယျာဉ်အတွင်း ကြံ့တွေကိုအမဲလိုက်သူများကို ပစ်သတ်ခွင့်အမိန့်ထုတ်ထားတာဖြစ်ပြီး တစ်လအတွင်းမှာ လူနှစ်ယောက်ခန့်လောက် သေနတ်နဲ့ပစ်ခဲ့ရတယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။


 သို့ပေမယ့် ဒီလိုကျူးကျော်အမဲလိုက်သူများကို ပစ်သတ်ခွင့်ပေးထားတဲ့အမိန့်ဟာ ကာဇီယန်ကာဥယျာဉ်မှ တိုက်ရိုက်ချမှတ်ထားတဲ့အမိန့်မဟုတ်ပဲ Assam မြို့ရှိ သစ်တောဝန်ကြီးဌာနမှ ချမှတ်ထားတဲ့အမိန့်ဖြစ်ပါတယ်။ ဒီအမိန့်ဟာ ကြံ့တွေကိုလာရောက်အမဲလိုက်သူများအပေါ်ကိုသာ သက်ရောက်စေတာမဟုတ်ပဲ ဥယျာဉ်ကြီးနဲ့ အနီးတဝိုက်ရှိ ဒေသခံများအပေါ်ကိုတောင် သက်ရောက်စေခဲ့ပါတယ်။ အကြောင်းရင်းကတော့ ကာဇီယန်ကာဥယျာဉ်နားကို မယောင်မလည်ရောက်ရှိသွားတဲ့ ဒေသခံအချို့မှာ ဥယျာဉ်အတွင်း ဝင်ရောက်ကျူးကျော်သူအမှတ်နဲ့ ပစ်ခတ်ခြင်းခံခဲ့ရလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကာဇီယန်ကာဥယျာဉ်ရဲ့ ဒါရိုက်တာဖြစ်သူက ဒီအမိန့်ကို ပြန်လည်ပြင်ဆင်ပေးဖို့ သစ်တောဝန်ကြီးဌာနကို တောင်းဆိုလို့ထားပါတယ်ခင်ဗျာ။


( VitamiN )


#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Elite Readers

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment