Powered by Blogger.

ထောင်ချောက်ကနေ ကယ်ပေးလိုက်သူကို ဆိုးရွားစွာတုန့်ပြန်ခဲ့တဲ့ သမင်တစ်ကောင်



စေတနာကနေ ချက်ချင်းဆိုသလို ဝေဒနာဖြစ်သွားခဲ့ရတဲ့ တကယ့်ဖြစ်ရပ်လေးပဲဖြစ်ပါတယ်။ ဒါကတော့ ဝံပုလွေတွေကိုဖမ်းဖို့ ဆင်ထားတဲ့ထောင်ချောက်မှာမိနေတဲ့ သမင်လေးတစ်ကောင်ကို သွားရောက်ကယ်တင်ခဲ့သူရဲ့ မမျှောင်လင့်ပဲ တုန့်ပြန်ခံခဲ့ရတဲ့ အဖြစ်အပျက်လေးပဲဖြစ်ပါတယ်။

 အမေရိကန်နိုင်ငံ အိုဟိုင်းယိုးပြည်နယ်သားတစ်ယောက်ဟာ Greenville သစ်တောအတွင်း သူရဲ့ညီအစ်ကိုတစ်ဦးနဲ့ လမ်းလျှောက်နေတုန်း ဝံပုလွေတွေကိုဖမ်းဆီးဖို့ တပ်ဆင်ထားတဲ့ထောင်ချောက်မှာမိနေတဲ့ သမင်တစ်ကောင်ကို တွေ့မိသွားပြီး သွားရောက်ကယ်ဆယ်ပေးခဲ့ပါတယ်။ ထိုသူဟာ သမင်ရဲ့ခြေထောက်ကို ဝံပုလွေထောင်ချောက်ထဲကနေလွတ်အောင် ခက်ခက်ခဲခဲနဲ့ ကြိုးစားပေးခဲ့ပြီး ထောင်ချောက်ကနေ သမင်လေးလွတ်မြောက်သွားတဲ့အခါမှာ သမင်ရဲ့ဦးခေါင်းကို ကြင်ကြင်နာနာနဲ့ ခပ်ဖွဖွလေး ပွတ်သပ်ပေးပြီး တောထဲကိုပြန်လွတ်ပေးဖို့ စီစဉ်လိုက်ပါတယ်။

 ဒါပေမယ့် ဖြစ်ချင်တော့ သမင်က တောထဲကို လွတ်လွတ်လပ်လပ် ပြန်မသွားခင်မှာ သူကိုကယ်တင်ပေးခဲ့သူကို ဆိုးဆိုးရွှားရွှား ကျေးဇူးတုန့်ပြန်သွားပါတယ်။



သမင်က သူ့ခေါင်းကိုအသာအယာပွတ်သပ်နေတဲ့ သူ့ကိုကယ်တင်ပေးခဲ့တဲ့သူရဲ့ ရင်ဘတ်နဲ့ဦးခေါင်းတွေကို အကြိမ်များများနဲ့ ကန်ကျောက်သွားခဲ့ပြီးမှ တောထဲကိုပြေးလွှားဝင်ရောက်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အစအဆုံးကို ဗီဒီယိုမှတ်တမ်းတင်ထားနိုင်ခဲ့လို့ သမင်ရဲ့ကျေးဇူးဆပ်ခြင်းခံလိုက်ရသူရဲ့ အဖြစ်က ဗီဒီယိုကြည့်မိသူတိုင်းကို ရယ်မောသွားစေနိုင်ခဲ့တာတော့ အမှန်ပါပဲခင်ဗျာ။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment