Powered by Blogger.

ပူစီလေးတွေအတွက် ပထမဆုံးဖွင့်လှစ်လိုက်တဲ့ ကြယ်ငါးပွင့်အဆင့် ကြောင်ဟိုတယ်



 ခရီးဝေးသွားစရာရှိလို့ ကိုယ်ရဲ့အချစ်တော်ပူစီလေးကို အိမ်မှာတစ်ကောင်တည်းထားခဲ့ရမှာ စိတ်မချသူများအတွက် နေရာကောင်းတစ်ခုရှိပါတယ်။

 ဒါကတော့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့အနားမှာ ဖွင့်လှစ်ထားတဲ့ Catzonia အမည်ရှိ ကမ္ဘာ့ပထမဆုံး ကြယ်ငါးပွင့်အဆင့်ရှိ ကြောင်ဟိုတယ်ဖြစ်ပါတယ်။



 ကြောင်တွေအတွက် အထူးသီးသန့်ဖွင့်လှစ်ထားတဲ့ Catzonia ဟိုတယ်မှာ အပူချိန်ထိန်းညှိပေးနိုင်တဲ့အခန်းတွေ ၊ ကြောင်တွေမထချင်လောက်အောင် ဖြစ်သွားမယ့် အိပ်ရာကြီးတွေ ၊ စိတ်ကြိုက်ကဲလို့ရမယ့် ကြောင်ကစားကွင်းတွေနဲ့ ကြောင်တွေ မက်မောလောက်မယ့် စားစရာတွေ အစုံအလင်ရှိပါတယ်။

 Catzonia ဟိုတယ်မှာ ကြောင်တွေတည်းခိုနိုင်မယ့် အခန်းပေါင်း ၃၅ခန်းအထိရှိပြီး အမျိုးအစားကို လေးမျိုးအထိ ခွဲခြားပေးထားပါတယ်။ ဒီအခန်းများအားလုံးထဲမှာတော့ VVIC (Very Very Important Cat) အခန်းကတော့ ဈေးအကြီးဆုံးဖြစ်ပြီး သီးသန့်အိမ်သာတစ်ခု ၊ ကစားကွင်းအသေးစားတစ်ခုနဲ့ အိပ်ရာကြီးသုံးခုတို့ ပါဝင်ပါတယ်။



 VVIC အခန်းကို မှာယူမယ်ဆိုရင်တော့ သင့်ကြောင်တစ်ကောင်ရဲ့ တစ်နေ့တာလှုပ်ရှားသွားလာမှုကို သင်ရဲ့စမတ်ဖုန်းပေါ်ကနေ အချိန်မရွှေးကြည့်နိုင်မယ့် ဝန်ဆောင်မှုကို ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။ VVIC အခန်းတွေမှာသာ ဒီလိုအလန်းစားဝန်ဆောင်မှုတွေ ပါဝင်တာမဟုတ်ပဲ အခြားအခန်းများမှာလည်း Air Con များ ၊ ရေချိုးခန်းများနဲ့ အင်တာနက် Wifi ကိုတောင် ဝန်ဆောင်ပေးထားပါတယ်။

နောက်ထပ်ဝန်ဆောင်မှုတစ်ရပ်အနေနဲ့ ကြောင်တွေခန္ဓာကိုယ်ပေါ်က သန်းတွေနဲ့ အရေပြားကျန်းမာရေး ကောင်းမွန်စေနိုင်တဲ့ အထူး Shampoo နဲ့ လျှော်ဖွပ်ပေးခြင်း အစီအစဉ်လည်းရှိနေပါသေးတယ်။ Catzonia မှာ ကြောင်တွေကို သုံးရက်ကနေ တစ်နှစ်အထိ တစ်ညကို ဒေါ်လာ ၅.၅ နဲ့ လာရောက်အပ်နှံထားနိုင်ပါတယ်ခင်ဗျာ။



( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment