Powered by Blogger.

Fifty Shades ဇာတ်ကားထဲကလိုခပ်ဆန်းဆန်းလိင်ဆက်ဆံမှုတွေကြောင့် ဖြစ်လာတဲ့မတော်တဆမှုတွေကို ကူညီပေးနေရတဲ့မီးသတ်တပ်ဖွဲ့ဝင်များ


 ချစ်သူများနေ့မတိုင်ခင် ရက်ပိုင်းအတွင်းမှာ ထွက်ရှိလာခဲ့တဲ့ Fifty Shades Darker ဇာတ်ကားရဲ့ဂယက်တွေက အင်္ဂလန်နိုင်ငံနဲ့ ခရိုအေးရှားနိုင်ငံတို့ရှိ ချစ်သူစုံတွဲများကြားမှာ အကျိုးသက်ရောက်မှုတွေရှိလာခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များပါ လိုက်လံဖြေရှင်းခဲ့ရတယ်လို့ သိရပါတယ်။

 ခရိုအေးရှားနိုင်ငံ ဇာဂရက်မြို့ရှိ မီးတပ်ဌာနရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့သတင်းအရဆိုရင် ချစ်သူများနေ့အတွင်း စုံတွဲများကြားမှာ Fifty Shades ဂယက်တွေ ဖြစ်ပေါ်ခဲ့လို့ မီးသတ်စခန်းဆီ အကူအညီတောင်းခဲ့တဲ့ ဖုန်း Call တွေ အရမ်းများပြားခဲ့တယ်လို့ သိရပါတယ်။ စုံတွဲအများစုက ချစ်သူများနေ့မှာ သမာရိုးကျပုံစံနဲ့ ချစ်ရည်လူးမျိုးတာမဟုတ်ပဲ Fifty Shades ဇာတ်ကားထဲကလို လက်ထိပ်ခတ်ပြီး ချစ်ရည်လူးကြတာဖြစ်ကာ လက်ထိပ်ပြန်မချွတ်တတ်တော့တဲ့အခါမှ မီးသတ်စခန်းကို အကြောင်းကြားပြီး အကူအညီလှမ်းတောင်းကြတာပဲဖြစ်ပါတယ်။

 အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာလည်း "50 Shades of Red" ပွဲကိုပြုလုပ်ကျင်းပခဲ့ပြီး ပွဲအတွင်း Fifty Shades of Greys နဲ့ Fifty Shaeds Darker ဇာတ်ကားတွေရဲ့ဇာတ်ဝင်ခန်းထဲက လိင်ဆက်ဆံပုံအတိုင်း လိုက်လံပြုလုပ်တတ်အောင် သင်ကြားပြသပေးတာဖြစ်တယ်လို့ လန်ဒန်မီးတပ်ဌာနာမှ တာဝန်ရှိသူတစ်ယောက်ဆိုပါတယ်။ ဒီလို ပေါက်တတ်ကရတွေ ပြုလုပ်မှုကနေ ဖြစ်ပေါ်လာခဲ့တဲ့ အရေးပေါ်ထိခိုက်မှုများအတွက် ငါးနှစ်တာအတွင်း သုံးစွဲခဲ့ရတဲ့ငွေပေါင်းဟာ အမေရိကန်ဒေါ်လာ ၁.၀၃ သန်းလောက်အထိ ကုန်ကျခဲ့ရပါတယ်။

လန်ဒန်မီးသတ်တပ်ဖွဲ့ရဲ့ ပြောဆိုချက်အရတော့ လွန်ခဲ့တဲ့ငါးနှစ်အတွင်း လက်ထိပ်ခတ်ပြီး လိင်ဆက်ဆံလို့ မတော်တဆဖြစ်သွားတာ ၁၀၂မှုအထိရှိခဲ့တယ်လို့ သိရပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : UPI

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment