Powered by Blogger.

ပုံပြင်ထဲကအတိုင်း တူညီတဲ့ရလဒ်သာ ထွက်ပေါ်လာခဲ့တဲ့ ယုန်နဲ့လိပ်ပြိုင်ပွဲ


 ယုန်နဲ့လိပ် အပြေးပြိုင်ကြတဲ့ပုံပြင်ဟာ မသိတဲ့သူမရှိလောက် ကျော်ကြားပါတယ်။ ဒီပုံပြင်ဟာ ပျင်းရိခြင်းနဲ့ ဇွဲလုံလရှိရှိ ကြိုးစားတို့ရဲ့အကျိုးဆက်တို့ကို နှိုင်းယှဉ်ပြသသွားတဲ့ ပညာပေးပုံပြင်ကောင်းတစ်ပုဒ်လည်း ဖြစ်ခဲ့ပါတယ်။ ဒါဆို ဒီပုံပြင်ထဲကလို ယုန်နဲ့လိပ်ကို အပြင်မှာပြေးခိုင်းမယ်ဆိုရင်ရော ဘယ်သူနိုင်မယ်လို့ သင်ထင်ပါသလဲ။

 အမေရိကန်နိုင်ငံ လော့အိန်ဂျယ်လိစ်မြို့ရှိ Super Deluxe ဖျော်ဖြေရေးကုမ္မဏီကနေ ဂန္တဝင်ပုံပြင်တစ်ခုဖြစ်တဲ့ ယုန်နဲ့လိပ်ပုံပြင်ထဲက အပြေးပြိုင်ကို အပြင်လောကမှာ ဖန်တီးပုံဖော်သွားခဲ့ပြီး လူမှုကွန်ယက်များပေါ်မှာ Live Stream ပြသသွားခဲ့ပါတယ်။

တာထွက်မှာတော့ ယုန်ရောလိပ်ရောပါ ရှေ့တည့်တည့်မသွားပဲ ရပ်တန့်နေခဲ့လို့ ဆယ်မိနစ်လောက်ကြာမှ ပွဲကိုစတင်နိုင်ခဲ့ပါတယ်။ ပြိုင်ပွဲစတင်တဲ့အခါမှာတော့ လိပ်က ထုံးစံအတိုင်း အိပက်အိပက်နဲ့ ပန်းတိုင်ဆီကိုလှမ်းလာခဲ့ပြီး ယုန်ကတော့ တည့်တည့်ကိုမပြေးသွားပဲ တာထွက်စနေရာနားက ထောင့်တစ်ထောင့်မှာသာ အချိန်ကုန်နေခဲ့ပါတယ်။

 ပြိုင်ပွဲဝင်ချိန် မိနစ်လေးဆယ်ခန့် ကုန်ဆုံးသွားချိန်မှာတော့ ကိုရွှေလိပ်က ပုံပြင်ထဲကလိပ်လိုပဲ အပျင်းကြီးတဲ့ယုန်ကို အနိုင်ရရှိသွားခဲ့ပါတယ်။

 ဒီယုန်နဲ့လိပ်ပြိုင်ပွဲရဲ့ Live Stream ကို ဝင်ရောက်ကြည့်ရှုသူ အတော်လေးများပြားခဲ့ပြီး သူတို့ငယ်စဉ်က ကြားခဲ့ဖူးတဲ့ ပုံပြင်တစ်ခုကို တကယ့်တိရစ္ဆာန်တွေနဲ့ အစားထိုးပြသခဲ့သလို ခံစားခဲ့ရတယ်လို့ ဗီဒီယိုကြည့်ရှုသူတချို့က မှတ်ချက်ပြုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Source : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment