Powered by Blogger.

ပန်းကန်ပြားပျံလို့ ယူဆရတဲ့ယာဉ်ပျံတစ်ခု လေကြောင်းအလှပြပွဲအတွင်းပေါ်ထွက်လာ



ကမ္ဘာနေရာအနှံအပြားမှာ အမျိုးအမည် ဖော်ထုတ်နိုင်ခြင်းမရှိတဲ့ ယာဉ်ပျံများ ( UFO ) များကို မကြာခဏတွေ့ရှိရလေ့ရှိပြီး ယခုအခါမှာလည်း ချီလီနိုင်ငံရဲ့ကောင်းကင်ယံပေါ် ဂျက်လေယာဉ်ပျံတစ်စင်းနဲ့ ဝင်တိုက်လုနီးနီး ဖြစ်သွားခဲ့ရတဲ့ UFO တစ်စင်းကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပါတယ်လို့ သိရပါတယ်။

 ဒီယာဉ်ပျံကို ပြီးခဲ့တဲ့ သောကြာနေ့က ချီလီနိုင်ငံ Puerto Varas မြို့မှာ ပြုလုပ်ကျင်းပခဲ့တဲ့ လေကြောင်းအလှပြပွဲအတွင်းမှာ တွေ့မြင်ခဲ့ရတာဖြစ်တယ်လို့ မျက်မြင်တွေ့ရှိသူများက ပြောဆိုခဲ့ပါတယ်။


Halcones Fach စစ်တပ်ရဲ့စစ်လေယာဉ်များ လေကြောင်းအလှပြပွဲကို လူပေါင်းတစ်ရာကျော်လောက် တတ်ရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပြီး ပရိသတ်များရဲ့မြင်ကွင်းအတွင်း လေယာဉ်ပျံများ ပျောက်ကွယ်သွားချိန်မှာ ထူးဆန်းတဲ့အဖြစ်အပျက်ကို စတင်ဖြစ်ပေါ်လာခဲ့ပါတယ်။

 ဒီဖြစ်ရပ်ကတော့ လေကြောင်းအလှပြနေတဲ့ Air Force ဂျက်လေယာဉ်တစ်စင်းရဲ့အနားမှာ နောက်ထပ်ယာဉ်ပျံတစ်ခု ဖွားခနဲထွက်ပေါ်လာခဲ့တာဖြစ်ပြီး ယာဉ်နှစ်စီးလုံး ဝင်တိုက်လုနီးပါးအထိ ဖြစ်သွားခဲ့ရပါတယ်။

 ဒီဖြစ်ရပ်ကို ပွဲလာရောက်ကြည့်ရှုသူများက ဗီဒီယိုမှတ်တမ်းတင်နိုင်ခဲ့ကြပြီး Youtube ပေါ်မှာ ပြန်လည်မျှဝေသွားခဲ့ရာ ဝင်ရောက်ကြည့်ရှုသူဦးရေ တစ်သောင်းကျော်အထိရှိခဲ့ပါတယ်။ ကြည့်ရှုသူများက ထိုယာဉ်ပျံနဲ့ပတ်သက်ပြီး အမျိုးမျိုးမှတ်ချက်ပေးခဲ့ရာ တချို့က ဥက္ကာခဲ ၊ တချို့ကလည်း တခြားဂျက်လေယာဉ် ၊ တချို့က ငှက်တစ်ကောင်နဲ့ တချို့ကတော့ အာကာသယာဉ်ပျံ ( UFO ) လို့ အသီးသီးမှတ်ချက်ပြုသွားကြပါတယ်။

လူတစ်ဦးကတော့ သူအနေနဲ့ ဒီဗီဒီယိုထဲမှာ UFO နှစ်စင်းအထိ မြင်တွေ့ခဲ့ရတာဖြစ်ကြောင်းနဲ့ သေသေချာချာကြည့်ရင် UFO နှစ်စင်းကိုတွေ့မြင်နိုင်ကြောင်း ထူးထူးခြားခြား မှတ်ချက်ပြုသွားခဲ့ပါတယ်ခင်ဗျာ။


VitamiN

#knowledge.thithtoolwin.com

Source : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment