Powered by Blogger.

အလုပ်ရသွားတဲ့ အိမ်ခြေယာမဲ့တစ်ယောက်ရဲ့ပီတိဖြစ်ဖွယ် ပျော်ရွှင်မြူးထူးနေတဲ့ပုံရိပ်ဗီဒီယိုကို ကြည့်ရှုသူများပြား



အင်္ဂလန်နိုင်ငံက အိမ်ခြေယာမဲ့တစ်ယောက်ဟာ သူ့ကိုအလုပ်ခန့်လိုက်တယ်လို့ ပြောအပြီး ပြန်ထွက်လာရာ လမ်းပေါ်မှာ ပျော်ရွှင်စွာ လက်သီးလက်မောင်းတန်းသွားတဲ့ ပုံရိပ်တွေကို CCTV ကနေ ရိုက်ကူးထားနိုင်ခဲ့ပါတယ်။

 နေစရာမရှိလို့ အလုပ်လျှောက်ရာကနေ အမြဲတမ်းအလုပ်တစ်ခုကို ရရှိသွားတဲ့ သူ့ကိုကြည့်ပြီးတော့ အားလုံးက ဂရုဏာသက်နေကြပါတယ်။

ဝုလ်ဗာဟန်တန်မြို့က ဘယ်သူမှန်းမသိတဲ့ အိမ်ခြေယာမဲ့တစ်ယောက်ဖြစ်တယ်လို့ သိရပြီး လောလောဆယ်မှာ အိမ်ခြေယာမဲ့တွေကို စောင့်ရှောက်ထားတဲ့ ဂေဟာမှာ နေထိုင်လျက်ရှိနေသူဖြစ်တယ်ုလိ့ သိရပါတယ်။ သူ့ကိုတော့ ကုမ္ပဏီတစ်ခုက အလုပ်ခန့်လိုက်တာဖြစ်ပြီး ပျော်ရွှင်စိတ်ချမ်းမြေ့စွာနဲ့ အလုပ်လုပ်ရတော့မှာဖြစ်တာကြောင့် အခုလိုပဲ ပျော်ရွှင်သွားတာပါ။

လောလောဆယ်မှာတော့ သူ့ကို စားဖို့သောက်ဖို့အတွက် ဂေဟာကနေ တာဝန်ယူပေးထားတာဖြစ်ပြီး သူ့ရဲ့ အခုလိုအပြုအမူဟာ “အားလုံးရဲ့ရင်ထဲမှာ တစ်ခုခုတော့ ကျန်နေခဲ့တယ်” လို့ ဗီဒီယိုကြည့်ရှုသူတစ်ယောက်က မှတ်ချက်ပြုခဲ့ပါတယ်။



အလုပ်မရှိပေမယ့် ရိုးရိုးသားသားနေထိုင်ပြီး ကောင်းရောင်းကောင်းဝယ်လုပ်စားတာဟာ တစ်နေ့မှာ ကောင်းသောအကျိုးပေးဖြစ်လာမယ်လို့လည်း တစ်ယောက်က ကွန်မန့်ပေးထားပါတယ်။ အလုပ်လက်မဲ့နှုန်းမြင့်တက်လာတဲ့နောက်မှာတော့ အခုလို အိမ်ခြေယာမဲ့တွေများပြားလာလျက်ရှိနေပြီး ရာဇဝတ်မှုတွေလည်း အဖြစ်များလာပါတယ်။

အိမ်ခြေယာမဲ့ဖြစ်သွားတဲ့နောက်မှာတော့သူတို့ဟာ အလုပ်လုပ်လိုစိတ်မရှိတော့ဘဲ ရာဇဝတ်မှုကျူးလွန်ပြီး လုပ်ကိုင်စားနေတဲ့အထဲမှာ အခုလိုကောင်းကောင်းမွန်မွန်အလုပ်လုပ်ချင်စိတ်ရှိတဲ့လူဟာ အတုယူစရာဖြစ်တယ်လို့လည်း ကြည့်ရှုသူတွေက မှတ်ချက်ပြုသွားပါတယ်။

Mocha

#knowledge.thithtoolwin.com
Source : Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment