Powered by Blogger.

လုံခြုံစိတ်ချမှုမရှိတဲ့ ကလေးကစားစရာအရုပ်တွေ ရောင်းချခြင်းကို ပိတ်ပင်လိုက်တဲ့ ဂျာမနီ



လုံခြုံရေးစနစ်တွေကို ခြိမ်းခြောက်နိုင်ဖွယ်ရှိနေနိုင်တဲ့ Cayla အမည်ရှိ စကားပြောဆိုတတ်တဲ့ ကလေးကစားစရာအရုပ်များ ရောင်းချနေခြင်းကို တားမြစ်လိုက်ကြောင်း ဂျာမန်အာဏပိုင်များက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 အခုလိုတားမြစ်ရခြင်းဟာ အရုပ်အတွင်းမှာပါဝင်တဲ့ ဆော့ဝဲလ်ပိုင်းကို Hacker များက အလွယ်တကူ ထိုးဖောက်နိုင်ပြီး ကိုယ်ပိုင်ဒေတာများကို ခိုးယူနိုင်ခြင်းဖြစ်တယ်လို့သိရပါတယ်။

 ဒါကြောင့် Cayla အရုပ်ကို ပိုင်ဆိုင်ထားတဲ့ ကလေးသူငယ်များရဲ့ မိဘများအနေနဲ့ အရုပ်တွေကို ဖျက်ဆီးပစ်သင့်တယ်လို့ ဂျာမနီနိုင်ငံရဲ့ကွန်ယက်ဆိုင်ရာ ဗဟိုအစိုးရအေဂျင်စီ ( FNA ) မှ အသိပေးတိုက်တွန်းထားပါတယ်။

 အရုပ်အတွင်းက ဆော့ဝဲလ်ပိုင်းကို အမေရိကန်နိုင်ငံမှ ပညာရှင်များက ဒီဇိုင်းရေးဆွဲထားတာဖြစ်ပြီး ကလေးသူငယ်များရဲ့ စကားပြောစွမ်းရည် မြင့်တတ်လာစေဖို့ ရည်ရွှယ်ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့် အရုပ်ကိုအသုံးပြုပြီး လူတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာကို သူလျှိုလုပ်နိုင်တာကြောင့် အခုလိုတားမြစ်လိုက်ရတာပဲဖြစ်ပါတယ်။

 အရုပ်အတွင်းက ဆော့ဝဲလ်အပိုင်းကို ကိုယ်တိုင်လေ့လာသိရှိခဲ့သူ Stefan Hessel ရဲ့အဆိုအရ အရုပ်အတွင်းမှာ ပါဝင်နေတဲ့ Bluetooth ကို Hacker တွေက ထိုးဖောက်ဝင်ရောက်ပြီး အရုပ်နဲ့အပြန်အလည် စကားပြောဆိုနေမှုများကို ခိုးယူနားထောင်နိုင်တယ်လို့ သိရပါတယ်။

 Hessel က သူရဲ့စမ်းသပ်စစ်ဆေးမှုအတွင်း အရုပ်ကို နံရံတွေ အထပ်ထပ်ခြားနေတဲ့ နေရာမှာထားရှိထားတာတောင်မှ အရုပ်အတွင်းက ဆော့ဝဲလ်ပိုင်းကို ထိုးဖောက်ဝင်ရောက်ဖို့ လုံးဝမခက်ခဲကြောင်းကို လေ့လာတွေ့ရှိခဲ့တာကြောင့် အသုံးမပြုသင့်တဲ့ ကစားစရာအဖြစ် FNA ကို အသိပေးခဲ့လိုက်တာပဲ ဖြစ်ပါတယ်ခင်ဗျာ။

VitamiN


#knowledge.thithtoolwin.com
Source : Reuters
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment