Powered by Blogger.

ခန္ဓာကိုယ်ကနေ အမြဲလိုလို ငါးညှီနံ့ထွက်နေတဲ့ အမျိုးသမီးတစ်ဦး



 လူပေါင်းများစွာမှာ တစ်ယောက်တစ်လေ့သာ ဖြစ်လေ့ရှိတဲ့ ရှားပါးရောဂါလက္ခဏတစ်မျိုးဖြစ်တဲ့ ခန္ဓာကိုယ်မှ ငါးညှီနံ့ထွက်ပေါ်နေမှုကို ရင်ဆိုင်နေရပြီး ထိုအနံ့တွေကြောင့် ဘဝနေထိုင်မှုပုံစံမှာ အခက်အခဲတွေ ဖြစ်ပေါ်နေရတယ်လို့ အမျိုးသမီးတစ်ဦးက ဝန်ခံသွားခဲ့ပါတယ်။

 အသက် ၃၆နှစ်အရွှယ်ရှိ Kelly Fidoe-White ဟာ Trimethylamiuria လို့ခေါ်တဲ့ ငါးညှီနံ့ထွက်ပေါ်မှု ရောဂါဝေဒနာကို ခံစားနေရတာဖြစ်ပါတယ်။ ဒီရောဂါဟာ စားသုံးလိုက်တဲ့ အစားအစာတွေထဲက ဒြပ်ပေါင်းတွေကို မဖြိုကွဲနိုင်တဲ့အခါမှာ ခန္ဓာကိုယ်ထဲက ငါးနံ့လို ၊ ကြက်သွန်အနံ့လိုနဲ့ မစင်နံ့လို ထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။



Kelly ဟာ သူရဲ့ခန္ဓာကိုယ်အနံ့ဆိုးကို ကာကွယ်စေနိုင်ဖို့ တစ်နေ့ကိုရေလေးခါအထိချိုးပြီး ချွေးနံ့ပျောက်ဆေးတွေ ခပ်များများသုံးပေးခဲ့ပေမယ့် အနံ့ကလုံးဝမပျောက်သွားပဲ ရှိနေခဲ့ပါတယ်။ ဒီအနံ့ဆိုးတွေ ပျောက်ကင်းမသွားမှုကြောင့် Kelly ဟာ စိတ်ဓါတ်တွေကျဆင်းလာခဲ့ပြီး လူအများနဲ့မထိတွေ့ရဲ့တော့တဲ့အတွက် ညအချိန်မှာသာ အလုပ်ဝင်လုပ်ဖို့ ရွေးချယ်ခဲ့လိုက်ပါတယ်။

 Kelly က ဒီရောဂါဝေဒနာနဲ့ပတ်သက်ပြီး မှတ်တမ်းဗီဒီယိုတွေ ကြည့်ပြီးနောက်မှာ သူမရဲ့စိတ်တွေ ပြောင်းလဲလာခဲ့တယ်ဆိုပါတယ်။ Kelly သူလိုမျိုး ခန္ဓာကိုယ်ကနေ အနံ့ဆိုးထွက်ပေါ်တတ်တဲ့ လူတွေအများကြီး ရှိနေသေးတာကြောင့် သူမတစ်ယောက်တည်း မဟုတ်ပါလားဆိုတဲ့ စိတ်ဖြစ်ပေါ်လာခဲ့ပြီး ကိုယ်ကိုကိုယ်ယုံကြည်ချက်ရှိလာခဲ့ပါတယ်။

အခုဆို Kelly မှာ သူရဲ့အနံ့ဆိုးကို သည်းခံပေးနိုင်တဲ့ ဘဝလက်တွဲဖော်တစ်ယောက်ကိုလည်း ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ Kelly ရဲ့ခင်ပွန်းကတော့ Kelly ဆီက အနံ့ဆိုးထွက်နေမှုကို စတင်ဆုံတွေ့ကတည်းက သတိထားမိတာဖြစ်ပေမယ့် ဒါဟာသူ့အတွက် ပြသာနာမဟုတ်ခဲ့လို့ ကိစ္စမရှိဘူးလို့ ပြောဆိုထားပါတယ်။ ဆေးထိုးဆေးသောက်လို့မပျောက်တဲ့ Kelly ရဲ့ဝေဒနာကို Kelly ကိုယ်တိုင် စိတ်ဓါတ်နဲ့ကုသနိုင်ခဲ့တာ တကယ်ကိုချီးကျုးလေးစားဖွယ်ကောင်းလှပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Source : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment