Powered by Blogger.

အင်တာနက်မှာ နာမည်ကြီးသွားတဲ့ ဟာသညဏ်ကွန့်မြူးသူတစ်ယောက်ရဲ့ ဓါတ်ပုံ



 တစ်ခါတစ်လေကျရင် ဘာမဟုတ်တာလေးတွေနဲ့ အင်တာနက်ပေါ်မှာ နာမည်ကျော်သွားတတ်တာတွေ ရှိတတ်ပါတယ်။ အခုလည်း ဟာသညဏ်ကောင်းသူတစ်ယောက်ရဲ့ သမရိုးကျဓါတ်ပုံလေးနှစ်ပုံဟာ အင်တာနက်ပေါ်ကလူတွေကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

 Manuel Garcia ဆိုသူဟာ လွန်ခဲ့တဲ့တစ်ပတ် အင်္ဂါနေ့လောက်က သူရဲ့ဖေ့စ်ဘုတ်စာမျက်နှာပေါ်မှာ ဓါတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။ ဓါတ်ပုံက သာမာန်ဓါတ်ပုံလေးတစ်ပုံဖြစ်ပေမယ့် တစ်စတစ်စနဲ့ လူကြည့်များသွားခဲ့ရာကနေ ဖေ့စ်ဘုတ်ပေါ်မှာ လုံးဝနာမည်ကြီးသွားပါတယ်။

ဒီဓါတ်ပုံထဲမှာ Manuel Garcia က အဆောက်အဦးတစ်ခုရဲ့ အရှေ့တည့်တည့်မှာ မတ်တတ်ရပ်ပြီး ဓါတ်ပုံရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဓါတ်ပုံကို သေချာကြည့်လိုက်ရင် Manuel Garcia ရဲ့ ခေါင်းပေါ်မှာ အဆောက်အဦးကြီးရဲ့ ဆိုင်းဘုတ်တစ်ခု ပုံမှန်မဟုတ်တာကို တွေ့ရှိရမှာဖြစ်ပါတယ်။


အဆောက်အဦးမှာ ကပ်ထားတဲ့ "Pharmacy Drive-thru" ဆိုင်းဘုတ်မှ ရှေ့ဆုံးစာလုံး P က ပြုတ်ကျလုနီးနီး ဖြစ်နေပြီး ဒါကို Manuel က " ကျွန်တော့်ခေါင်းပေါ်ကို ဒီစာလုံးပြုတ်ကျဖို့ စောင့်နေတယ်။ ပြုတ်ကျလို့ကတော့ Walmart ( အဆောက်အဦးရဲ့နာမည် ) ကို တရားစွဲမယ်ဗျာ " လို့ ဟာသနှောကာ ဖော်ပြသွားခဲ့လို့ ကြည့်ရှုသူတိုင်းကို သဘောကျသွားခဲ့ပါတယ်။

 Manuel က သူရဲ့အရွှန်းဖောက်လိုစိတ်ကို အတောမသတ်နိုင်ပဲ Walmart ရှေ့ကို နောက်တစ်ခေါက်ထပ်သွားပြီး ဓါတ်ပုံရိုက်ကူးခဲ့ကာ သူရဲ့ဖေ့စ်ဘုတ်ပေါ်မှာ ထပ်တင်ခဲ့ပါတယ်။ ဒီပုံမှာလည်း " ခေါင်းပေါ်ကို စာလုံးကြီးပြုတ်ကျ လာနိုင်မလားဆိုတာသိရအောင် ဒုတိယတစ်ခေါက် ရောက်လာပြန်ပါပြီ " လို့ ရေးသားထားတာကြောင့် ဖေ့စ်ဘုတ်ပေါ်က လူတွေကို ပိုပြီးဆွဲဆောင်သွားနိုင်ခဲ့ပြန်ပါတယ်။

 Manuel ရဲ့ ဟာသညဏ်က ဖေ့စ်ဘုတ်ပေါ်က လူတွေကိုသာ ပျော်ရွှင်သွားစေရုံမကပဲ Walmart က တာဝန်ရှိသူတွေကိုလည်း သူတို့အဆောက်အဦးရဲ့ ဆိုင်းဘုတ်ချို့ယွင်းနေမှုကို သတိပေးသလို ဖြစ်သွားခဲ့ပါတယ်။ ဒါကြောင့် Walmart ရဲ့ တာဝန်ရှိသူများက Manuel ကို အထူးကျေးဇူးတင်လျက်ရှိပြီး သူရဲ့မျက်စိလျင်မှုနဲ့ ကင်မရာရိုက်ကူးမှုက လုံးဝကိုလေးစားစရာကောင်းတယ်လို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com
Source : UPI
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment