Powered by Blogger.

ကမ္ဘာ့အသက်ကြီးဆုံး ခွဲစိတ်ဆရာဝန်မကြီး



 အသက်အရွှယ်ကြီးရင့်လာမှုကြောင့် လူတိုင်းလူတိုင်း အရာရာကို မစွမ်းဆောင်နိုင်တော့ဘူးလို့ သင်ထင်နေတယ်ဆိုရင် လုံးဝမှားနေကြောင်းကို Alla Illyinichna Levushkina ဆိုသူ အသက် ၈၉နှစ်အရွှယ် ခွဲစိတ်ဆရာဝန်မကြီး သက်သေပြပါလိမ့်မယ်။


ရုရှားနိုင်ငံ မော်စကိုမြို့အနီးရှိ ဆေးရုံတစ်ခုမှာ တာဝန်ထမ်းဆောင်နေတဲ့ Alla ဟာ အသက် ၉၀နီးနေပြီဖြစ်ပေမယ့် ပင်စင်မယူသေးပဲ ကျန်းမာသွက်လက်စွာနဲ့ တစ်နေ့ကို ခွဲစိတ်မှုပေါင်း လေးကြိမ်ခန့်လောက်အထိကို လုပ်ကိုင်နေဆဲပဲဖြစ်ပါတယ်။ Alla ဟာ ခွဲစိတ်ဆရာဝန်တစ်ဦးအဖြစ် နှစ်ပေါင်း ၆၇နှစ်လောက်ကို ဖြတ်သန်းခဲ့ရပေမယ့် သူမရဲ့အလုပ်အပေါ် ပျင်းရိငြီးငွေ့ခြင်းမရှိပဲ ဆက်လက်လုပ်ကိုင်နေခဲ့ရာ အခုဆို သူမခွဲစိတ်ကုသခဲ့တဲ့ လူနာပေါင်းဟာ တစ်သောင်းကျော်ခန့်လောက် ရှိနေပြီဖြစ်ပါတယ်။


သူမရဲ့အလုပ်အကိုင်နဲ့ပတ်သတ်ပြီး Alla က " ဆရာဝန်ဆိုတာ အသက်မွေးဝမ်းအလုပ်ဖြစ်ရုံသာမကဘူး။ လူမှုနေမှုဘဝပုံစံတစ်ခုပါဖြစ်တယ်။ ကျွန်မအနေနဲ့ ဒီအလုပ်ကို ချစ်မြတ်နိုးတယ်။ ဒီအလုပ်ကိုနားလိုက်ရင် ကျွန်မနေရာမှာ အစားဝင်ဖို့ လူမရှိမှာကို စိုးရိမ်နေတာနဲ့ပဲ အခုလိုဆက်လက်လုပ်ကိုင်ဖြစ်နေပါတယ် " လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ Alla က သူမ ဒီအသက်အရွှယ်အထိ အလုပ်လုပ်နိုင်တာဟာ ကြီးကြီးမားမား လျှို့ဝှက်ချက်ကြောင့်မဟုတ်ပဲ စားစရာရှိစား ပျော်စရာရှိတာပျော် ငိုစရာရှိငိုချလိုက်နဲ့ ရင်ထဲမှာ ဘာကိုမှသိပ်ကြာကြာမထားတတ်ပဲ ဘဝကို ပေါ့ပေါ့ပါးပါးလေးသာ နေခဲ့တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

 Alla ဟာ လက်ရှိမှာ မသန်စွမ်းဖြစ်နေရရှာတဲ့ တူငယ်လေးတစ်ဦးရယ် ကြောင်ရှစ်ကောင်နဲ့ရယ် တိုက်ခန်းတစ်ခန်းမှာ အတူတူနေထိုင်ရင်း ကမ္ဘာ့အသက်အကြီးဆုံး ခွဲစိတ်ဆရာဝန်မကြီးအဖြစ် ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းလျက်ရှိနေပါတယ်ခင်ဗျာ။

( VitamiN )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Oddity

Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment