Powered by Blogger.

စာများများဖတ်နိုင်ဖို့ ကျင့်သုံးသင့်တဲ့အချက်လေးချက်



ဘာစာအုပ်ပဲ ဖတ်ဖတ်ကိုယ့်အတွက် ယူတတ်ရင် အကျိုးကျေးဇူးကတော့ ရှိစမြဲပါပဲ။ တစ်ချို့ကတော့လည်း စာအုပ်ဖတ်ပြီး တစ်လုံးမှ ခေါင်းထဲမရောက်သလို ဖတ်လို့သာပြီးသွားတယ် အီလည်လည်နဲ့ ကိုယ့်အတွက် ကျန်အောင် မဖတ်တတ်ကြပါဘူး။ စာအုပ်ချိုး (စာဂျပိုး)တစ်ယောက်ဖြစ်လာဖို့အတွက်တော့ ဒီနည်းလေးတွေက အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။ ကဲ စာအုပ်တွေများများဖတ်နိုင်ပြီး များများလည်း မှတ်နိုင်ဖို့ အောက်က အချက်လေးတွေအတိုင်း လိုက်လုပ်ကြည့်သင့်ပါတယ်။


၁. အချိန်အပိုင်းအခြားလေးတွေနဲ့ စာဖတ်ကြည့်ပါ

အချိန်အပိုင်းအခြားဆိုတော့ ဘယ်လို ပိုင်းပြီးဖတ်ရမလဲဆိုပြီး စိတ်ပူမသွားပါနဲ့။ ကျွန်တော်တို့တွေဟာ တစ်ထိုင်တည်းနဲ့ စာအုပ်ကို ဖတ်ချလိုက်ပါတယ်။ ကျွန်တော်ဆိုရင်တော့ စာတစ်ခါဖတ်ရင် တစ်နာရီခွဲကနေ သုံးနာရီလောက်အထိမထဘဲဖတ်ပါတယ်။ ဒီနည်းက မှန်ကန်ရဲ့လားလို့ စဉ်းစားစရာဖြစ်လာပါတယ်။ မမှန်ကန်ပါဘူး။ တစ်ချိန်လုံးစာအုပ်နဲ့ပဲ နေနေတဲ့အခါ မျက်လုံးက ဖောက်ပြန်လာပါတယ်။ (အိပ်ငိုက်တာကိုဆိုလိုတာပါ :P) ။ ဒါ့အပြင် စိတ်ကလည်း မျောက်လိုပဲ ဟိုရောက်ဒီရောက်ဖြစ်လာပါတယ်။

ဒီလိုတွေမဖြစ်ရအောင် အချိန်လေးပိုင်းကြည့်ပါမယ်။ Ok . မိနစ်နှစ်ဆယ်စာဖတ်ပြီး ငါးမိနစ် break ယူပါမယ်။ Break ယူတဲ့ ငါးမိနစ်မှာ လမ်းလျှောက်တာမျိုး ကိုယ်လက်လှုပ်ရှားမှုတစ်ခုပြန်လုပ်ပါမယ်။ စိမ်းစိမ်းစိုစိုလေးတွေ ကြည့်ကြည့်မယ်။ (အလန်းလေးတွေမြင်ရင်လည်း ကြည့်ပေါ့)။ အဲ့လိုလုပ်ခြင်းအားဖြင့် စာဖတ်တဲ့အချိန်မှာ ပိုအာရုံစိုက်နိုင်ပြီး နောက်ထပ် စာဖတ်တဲ့ မိနစ်နှစ်ဆယ်မှာ သင့်ဦးနှောက်အပြည့်အဝ အလုပ်လုပ်နိုင်မှာပါ။


၂. Audio Books လေးတွေ သုံးကြည့်မယ်

စာဖတ်ရတာ မျက်စိအရမ်းညောင်းတာနော်။ အပြောင်းအလဲလေးလုပ်ကြည့်မယ်။ သွားလာနေရင်းနဲ့လည်း စာနဲ့မပြတ်အောင် ဘယ်လိုလုပ်ကြမလဲ။ Audio book လေးတွေသုံးမှာပေါ့။ မရှိသေးဘူးဆိုရင် audio book app လေးတွေကို download လုပ်လို့ရပါတယ်။ iBooks နဲ့ Kindle တွေမှာ Audio နဲ့ ဖတ်ပြတာ အရင်တည်းကပါပါတယ်။ အခုဆို Google ကလည်း စာအုပ်တွေ ၊ Web pages တွေကို ဖတ်ပြနိုင်ပါတယ်။ Android ဖုန်းတစ်လုံးရှိရုံနဲ့လည်း Audio books တွေကို တွင်တွင်ကျယ်ကျယ်သုံးလို့ရပါတယ်။ နားကြပ်ကလေးနဲ့နားထောင်ပြီး ဗဟုသုတရှာမှီးလို့ရပါတယ်။ စာအုပ်မဖတ်ချင်ရင်လည်း စာပေဟောပြောပွဲ mp3 file လေးတွေကို စုထားပြီး နားထောင်ရင် စာဖတ်သလိုပဲ အကျိုးများစေမှာဖြစ်ပါတယ်။


၃. ဖုန်းကိုသုံးမယ်

အော် ဒီလူတော့ခက်ပြီ စာဖတ်တယ် ၊ Digital detox လုပ်ပါတယ်ဆိုနေမှာ ဖုန်းလာသုံးခိုင်းနေတယ်လို့ ထင်နေပါလိမ့်မယ်။ ဖုန်းကို Airplane mode လုပ်ပြီး တိတ်တိတ်ဆိတ်ဆိတ်လေးစာဖတ်ကြည့်ရအောင်လေ။ ဖုန်းမှာရှိတဲ့ PDF reader တွေနဲ့ ကိုယ့်စိတ်ကြိုက် လိုအပ်သလို စာရွက်ကို ချုံ့ချဲ့ဖတ်နိုင်တဲ့အပြင် ၊ brightness ကိုလည်း လိုသလိုချိန်ညှိဖတ်နိုင်တာကြောင့် မဆိုးဘူးလို့ ပြောရမှာပေါ့။ ဖုန်းနဲ့ ဖတ်ရတာ feel ကျဲတယ်ဆိုပေမယ့် ၊ လက်ထဲအမြဲရှိနေတာနဲ့ဖတ်တော့ ပိုပြီး စာဖတ်ဖြစ်မယ်လို့ မျှော်လင့်ပါတယ်။


၎. စာကိုတစ်လုံးချင်းစီမဖတ်ပါနဲ့

စာကို တစ်လုံးချင်းစီလိုက်မှတ်ပြီး ဖတ်နေရင် ရူးသွားနိုင်ပါတယ်။ လိုအပ်တဲ့အချက်နဲ့ မှတ်သင့်တဲ့ point တွေကို ရွေးထုတ်ပြီး ဖတ်တာက ပိုပြီးအကျိုးရှိစေပါတယ်။ သိုင်းဝတ္ထုနဲ့ ရာဇဝင်ကျမ်းလိုဟာတွေက ဖြစ်စဉ်ပြအရေးအသားတွေမို့ တစ်လုံးချင်းဖတ်ရတာကောင်းပေမယ့်လည်း တကယ်ပညာပေးတဲ့ စာတွေကို ဖတ်မယ်ဆိုရင် မှတ်သင့်တဲ့အချက်မှတ် ဖျက်သင့်တဲ့အချက် ဖျက်ပြီး ဖတ်တာက အိုကေမှာပါ။


ဒီလေးချက်ကို လက်ကိုင်စွဲပြီး စာများများဖတ်နိုင်တဲ့ စာဂျပိုးတွေဖြစ်ကြပါစေ။


( Mocha )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : Own Idea


Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment