Powered by Blogger.

လူသိနည်းနေသေးတဲ့ Titanic သဘောင်္ရဲ့ စိတ်ဝင်စားစရာအကြောင်းအရာများ


ကမ္ဘာကျော် Titanic ဇာတ်ကားဟာ အော်စကာဆုပေါင်းများစွာကို ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပြီး တကယ့်ဖြစ်ရပ်မှန်အဖြစ်အပျက်ကို အခြေခံရိုက်ကူးထားတယ်ဆိုတာ လူတိုင်းသိလောက်တဲ့ အချက်ဖြစ်ပါတယ်။ သို့ပေမယ့် လူသိနည်းလွန်းလှတဲ့ Titanic သဘောင်္နဲ့ပတ်သတ်တဲ့ ထူးဆန်းတဲ့အဖြစ်အပျက်များကို ဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ရပါတယ်။

- မင်္ဂလာဦးစုံတွဲ ၁၃တွဲဟာ သူတို့ရဲ့ပထမဆုံးဟန်းနီးမွန်းခရီးစဉ်အဖြစ် Titanic သဘောင်္နဲ့လိုက်ပါခဲ့တာ ဖြစ်ပါတယ်။

-  Titanic သဘောင်္ဟာ အသက်ကယ်လှေ ၆၄စင်းကိုတပ်ဆင်ခဲ့ဖို့ရှိပေမယ့် သဘောင်္ထွက်တဲ့အခါ အစင်း ၂၀သာ သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။

- အသက်ရှင်ကျန်ရစ်သူ မုန့်ဖုတ်တဲ့စာဖိုမှူးတစ်ဦး ပြောကြားချက်အရ သူ့ကိုလာမကယ်ခင် အေးစက်နေတဲ့ ရေပြင်ထဲမှာ ၂နာရီကြာကူးခတ်နေရပြီး သဘောင်္မနှစ်မြုပ်ခင် ဝီစကီများသောက်ထားခြင်းကြောင့် အအေးဒဏ်ခံနိုင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

- Titanic သဘောင်္နှစ်မြုပ်ချိန်မှာ သမုဒ္ဒရာထဲကရေထုရဲ့အပူချိန်ဟာ ၂၈ဒီဂရီသာရှိခဲ့ပြီး ရေခဲအမှတ်ထက် ၄ဒီဂရီကျဆင်းနေပါတယ်။

- Titanic သဘောင်္ရဲ့အလျားအရှည်ဟာ ၈၈၂ ပေနဲ့၉ လက်မခန့်ရှိပြီး ဘောလုံးကွင်းနှစ်ကွင်းနဲ့ တဝက်စာလောက် ရှည်လျားပါတယ်။

- Titanic သဘောင်္ပေါ်ရှိ ဂီတပညာရှင်များဟာ သဘောင်္မနှစ်မြုပ်မီ ၂နာရီနဲ့ ၅မိနစ်ခန့် ဖျော်ဖြေသွားခဲ့ပါတယ်။

- တူရကီဒီဇိုင်းဖြစ် ပြုလုပ်ထားတဲ့ တန်ဖိုးကြီးမြင့်တဲ့ ရေချိုးခန်းများကို First Class ခေါ် အထူးတန်းခရီးသည်များအတွက်သာ သတ်မှတ်ပေးခဲ့ပြီး ရိုးရိုးတန်းခရီးသည်များမှာ ရေချိုးခန်းနှစ်ခုကိုသာ အသုံးပြုခဲ့ရပါတယ်။

- ခရီးသည် ၁၅၀၀ ကျော်သေဆုံးခဲ့တဲ့ Titanic သဘောင်္နှစ်မြုပ်မှုမှာ လူသေအလောင်း ၃၀၆ လောင်းသာ ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။




( Vitamin )

#knowledge.thithtoolwin.com
#သစ်ထူးလွင်(ဗဟုသုတနှင့်ထူးဆန်းထွေလာ)

Ref : KickassFacts
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment