Powered by Blogger.

ရည်းစားဟောင်းရဲ့ တောင်းပန်စာကို မင်နီနဲ့အမှတ်ပေးပြီး အဆင့်ပါထုတ်ပေးခဲ့သူ



ယုံကြည်မှုဆိုတာ အရမ်းကိုကြောက်စရာကောင်းပါတယ်။ သင့်အနေနဲ့ လူတစ်ယောက်က သင့်အပေါ်ကိုထားရှိတဲ့ ယုံကြည်ချက်ကို တစ်ခါလောက်ရိုက်ချိုးမိပြီဆိုရင် အရင်လိုယုံကြည်လာအောင် ပြန်လည်ပြုလုပ်ဖို့ဆိုတာ လုံးဝမလွယ်ကူတော့ပါဘူး။

ဒီအဖြစ်အပျက်လေးနဲ့ တိုက်ဆိုင်နေတဲ့ သင်ခန်းစာရဖွယ်အကြောင်းလေးကို ဖော်ပြပေးသွားချင်ပါတယ်။


Nick Lutz ဆိုတာ ကောလိပ်ကျောင်းသားတစ်ဦးဖြစ်သလို သစ္စာဖောက်ခဲ့တဲ့ သူရဲ့ချစ်သူနဲ့ လမ်းခွဲထားခဲ့သူလည်းဖြစ်ပါတယ်။ ဒါပေမယ့် Nick ရဲ့ချစ်သူဟောင်းက Nick ထင်နေသလို Nick အပေါ် သစ္စာဖောက်တာမဟုတ်ကြောင်း တောင်းပန်ထားတဲ့ စာတစ်စောင်ကို ပေးပို့ခဲ့လိုက်ရာ Nick ကလည်း ထူးထူးဆန်းဆန်းကို တုန့်ပြန့်သွားခဲ့ပါတယ်။

Nick က သူရဲ့အဆက်ဟောင်း ပို့ပေးလိုက်တဲ့ တောင်းပန်စာထဲက စာလုံးပေါင်းမှားနေတဲ့ နေရာတွေကို မင်နီနဲ့ဝိုင်းပြီး အသုံးမဝင်စာတွေကို ထပ်တလဲလဲသုံးထားတာကိုလည်း မင်နီနဲ့ထောက်ပြထားပါတယ်။ စာအားလုံးကို စစ်ဆေးပြီးတဲ့အခါမှာတော့ Nick က သူ့အဆက်ဟောင်း ရေးပေးခဲ့တဲ့စာကို အမှတ် ၁၀၀မှာ ၆၁မှတ်သာပေးခဲ့ပြီး အဆင့်အဖြစ် Grade D သတ်မှတ်ပေးခဲ့ပါတယ်။


  Nick က သူရဲ့ချစ်သူဟောင်းစာကို အမှတ်ပေးခဲ့ပုံကို သူရဲ့ Twitter စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ရာ Nick သူငယ်ချင်းတွေသာမက အင်တာနက်ပေါ်က အခြားလူတွေဆီပါ ပျံနှံသွားခဲ့ပါတယ်။ Nick ရဲ့ အဆက်ဟောင်းအပေါ် တုန့်ပြန်ခဲ့မှုနဲ့ပတ်သက်ပြီး လူများက အမျိုးမျိုးမှတ်ချက်ပြုခဲ့ကြသလို အမျိးသမီးတစ်ဦးကတော့ Nick ရဲ့ လုပ်ဆောင်ပုံကို သဘောကျမိလို့ Nick နဲ့တောင် ဒိတ်လုပ်ချင်မိတယ်လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။



ဘာပဲဖြစ်ဖြစ် ကိုယ့်အပေါ် ယုံကြည်မှုအလွဲသုံးစားလုပ်သွားတဲ့ သစ္စာမရှိတဲ့သူကို ကိုယ်ထိလက်ရောက် မကျူးလွန်ပဲ အခုလို နှောင်ကြည်လုပ်သွားခဲ့တဲ့ Nick ရဲ့ ဖြတ်ထိုးညဏ်ကတော့ လေးစားစရာကောင်းလှပါတယ်ခင်ဗျာ။


VitamiN

#knowledge.thithtoolwin.com

Source : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment