Powered by Blogger.

လစဉ်ဝင်ငွေလေးတွေနဲ့ ဆင်းရဲတဲ့ကလေးတွေရဲ့ ပညာရေးကို ထောက်ပံ့ပေးခဲ့တဲ့ သန့်ရှင်းရေးသမားတစ်ဦး




 ဝင်ငွေဘယ်လောက်ပဲ နည်းနေပါစေ သဒ္ဒါတရားထက်သန်တဲ့ စိတ်ဓါတ်လေးသာ အရင်းခံနေမယ်ဆိုရင် ညောင်စေ့လောက်လှူလည်း ညောင်ပင်ကြီးလောက် အကျိုးထူးနိုင်ပါတယ်။ ဒီလိုစိတ်ဓါတ်ရှိသူတစ်ယောက်ရဲ့ ဘဝအကြောင်းလေးကို ဒီနေ့မှာဖော်ပြပေးသွားချင်ပါတယ်။


 Zhao Yongjiu ဟာ အသက် ၅၆နှစ်အရွှယ်ရှိ သန့်ရှင်းရေးသမားတစ်ဦးဖြစ်ပါတယ်။ မနက်လေးနာရီခွဲကနေ ညကိုးနာရီအထိ မိလ္လာသန့်ရှင်းရေးကို တာဝန်ယူဆောင်ရွှက်ရတဲ့ Zhao ဟာ တစ်လကို တရုတ်ယွမ် ၂၄၀၀ ( အမေရိကန်ဒေါ်လာ ၃၅၀ ) သာ ရရှိပါတယ်။ တစ်နေ့လုံးပင်ပင်ပန်းပန်းလုပ်မှ ဒေါ်လာ ၃၅၀သာ ရရှိတဲ့ Zhao ဟာ ဒီဝင်ငွေတွေနဲ့ မရှိဆင်းရဲသား ကလေးငယ်များအတွက် ပညာရေးထောက်ပံ့မှုတွေကို ဆယ်စုနှစ်သုံးခုလောက်အထိ စဉ်ဆက်မပြတ် ပြုလုပ်ပေးသွားနိုင်ခဲ့ပါတယ်။

 Zhao ဟာ နှစ်ပေါင်းသုံးဆယ်အတွင်းမှာ ကျောင်းမနေနိုင်တဲ့ ကလေးငယ် ၃၇ဦးကို ကျောင်းစရိတ်စုစုပေါင်း ယွမ်တစ်သိန်းခုနှစ်သောင်းခန့်အထိ ဒါနပြုပေးနိုင်ခဲ့ပါတယ်။ နိမ့်ကျတဲ့အလုပ်ကို လုပ်နေရသူဖြစ်ပေမယ့် မြင့်မြတ်တဲ့စိတ်ထားရှိသူ Zhao ဟာ သူရဲ့ကိုယ်ပိုင်အိမ်ကိုပါ ရောင်းချပြီး ရလာတဲ့ပိုက်ဆံတွေနဲ့ ကလေးသူငယ်များရဲ့ ကျောင်းစရိတ်အတွက် လှူဒါန်းပေးခဲ့ပြီး လက်ရှိ စုတ်စုတ်ပြတ်ပြတ် တိုက်ခန်းလေးတစ်ခုမှာ ငှားရမ်းနေထိုင်လျက်ရှိပါတယ်။

 ဒီလို မွန်မြတ်တဲ့ပရဟိတစိတ်က Zhao ငယ်ငယ်လေးထဲက စတင်ပေါက်ဖွားလာခဲ့တယ်လို့ ဆိုလို့ရပါတယ်။ ၁၉၇၆ခုနှစ်လောက်က Zhao ရဲ့ ဖခင်ဖြစ်သူ ဆုံးပါးသွားခဲ့လို့ သားအမိနှစ်ယောက်တည်း လုံးပါးပါးနေတဲ့အချိန်မှာ သူတို့ရဲ့အိမ်နီးချင်းများက ရှိတာလေးတွေနဲ့ သူတို့မိသားစုအပေါ် ထောက်ပံ့ပေးခဲ့ပါတယ်။ ဒီအချိန်ကတည်းက Zhao ဆီမှာ ပရဟိတလုပ်လိုစိတ်တွေ ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး ဘဝမှာ ဘယ်လိုအခြေအနေကိုပဲရောက်ရောက် ကိုယ်နိုင်သလောက်လေးနဲ့ မရှိဆင်းရဲတွေကို ကူညီရမယ့်ဆိုတဲ့ အသိစိတ်လေးတွေ ဝင်လာခဲ့တာဖြစ်ပါတယ်။


 Zhao ဟာ အခုဆိုရင် သူရဲ့လှပတဲ့စိတ်ထားလေးကြောင့် သတင်းမီဒီယာတွေနဲ့ အင်တာနက်ပေါ်ကလူတွေရဲ့ စိတ်ဝင်စားခြင်းကိုခံနေရပြီ ဖြစ်ပါတယ်။ Zhao လို လူသားမျိုးတွေကို ကျွန်တော်တို့ကမ္ဘာမြေပေါ်မှာ အများကြီးလိုအပ်ပါတယ်။ Zhao လို ပရဟိတစိတ်အပြည့်ရှိတဲ့ လူသားတွေများပြားလာမယ်ဆိုရင် ကျွန်တော်တို့ကမ္ဘာကြီးဟာ ငြိမ်းချမ်းသာယာပြီး နေပျော်စရာကောင်းတဲ့ကမ္ဘာတစ်ခု ဖြစ်လာမှာ မလွဲဧကန်ပါပဲခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Source : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment