Powered by Blogger.

လူကြိုက်များနေတဲ့ လန်ဒန်မြို့က ကိုယ်လုံးတီး အိမ်သန့်ရှင်းရေးအလုပ်




ကိုယ်လုံးတီးဝါဒကို လက်ကိုင်ထားတဲ့ လန်ဒန်မြို့ရှိ သန့်ရှင်းရေးကုမ္မဏီတစ်ခုကနေ နေ့စဉ်အိမ်မှုကိစ္စများကို အဝတ်အစား လုံးဝဝတ်ဆင်ထားခြင်းမရှိပဲ လုပ်ဆောင်ပေးနိုင်မယ့် သန့်ရှင်းရေးအမျိုးသမီးများကို ဝင်ငွေကောင်းကောင်းပေးပြီး အလုပ်ခေါ်နေလျက်ရှိပါတယ်။


 တော်တော်ကို အူကြောင်ကြောင်နိုင်တဲ့ အလုပ်တစ်ခုလို့ သတ်မှတ်လို့ရပေမယ့် ဒီအလုပ်ရဲ့ဝင်ငွေက အမျိုးသမီးတော်တော်များများကို ဆွဲဆောင်နေနိုင်ပါတယ်။ လန်ဒန်မြို့မှာရှိတဲ့ သာမာန်အိမ်သန့်ရှင်ရေးတစ်ယောက်ဟာ တစ်နာရီကို အမေရိကန်ဒေါ်လာ ကိုးဒေါ်လာသာ ရရှိတာဖြစ်ပြီး ကိုယ်လုံးတီးသန့်ရှင်းရေးအလုပ်ကတော့ တစ်နာရီကို ၅၆ဒေါ်လာအထိ ရရှိနိုင်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီအလုပ်ဟာ လန်ဒန်မြို့ရှိ အမျိုးသမီးများကြားမှာ ရေပန်းစားလာတဲ့ အလုပ်တစ်ခု ဖြစ်လာခဲ့ရပါတယ်။


 အိမ်သန့်ရှင်းရေးလုပ်မယ့် အမျိုးသမီးတွေဟာ လက်အိပ်နဲ့ဖိနပ်ကလွဲရင် ခန္ဓာကိုယ်ပေါ်မှာ ဘာမှဝတ်ဆင်ထားခြင်းမရှိပဲ အိမ်မှုကိစ္စအထွေထွေကို လုပ်ကိုင်ပေးရမှာဖြစ်တယ်လို့ Naturist Cleaners ကုမ္မဏီရဲ့ပိုင်ရှင် လာရာစမစ်က ရှင်းပြပါတယ်။ လာရာက သူတို့ရဲ့သန့်ရှင်းရေးလုပ်ငန်းဟာ လိင်ကိစ္စကို အသားပေးထားတာမဟုတ်ပဲ ကိုယ်လုံးတီးဝါဒကို သဘောကျသူတွေအတွက် အဆင်ပြေနိုင်စေဖို့နဲ့ သန့်ရှင်းရေးအမျိုးသမီးများကလည်း ငြီးငွေ့စရာကောင်းတဲ့ အိမ်မှုကိစ္စတွေအပေါ် ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်လာနိုင်အောင်လို့ အခုလိုစီစဉ်လိုက်ရတာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။


ဒီလို ကိုယ်လုံးတီးသန့်ရှင်းရေးသမလေးတွေကို စိတ်တိုင်းကျရွေးချယ်ပြီး ခန့်အပ်နိုင်တာကြောင့် Naturist Cleaners ရဲ့ ဖောက်သည်တော်တော်များများက အမျိုးသားတွေသာ ဖြစ်နေပါတယ်။ အိမ်မှုကိစ္စလည်း နိုင်နင်းသလို ခန္ဓာကိုယ်လှပတဲ့ အမျိုးသမီးတွေကတော့ သတ်မှတ်ထားတဲ့ တစ်နာရီလုပ်အားခထက်ကို ပိုမိုရရှိနေတယ်လို့လည်း သိရပါတယ်။ ဒီလို လူတကာကြားမှာ ရေပန်းစားနေတဲ့ Naturist Cleaners ဟာ အခုဆိုရင် လန်ဒန်မြို့မှာသာမကပဲ နောက်ထပ်မြို့သုံးမြို့လောက်အထိကို လုပ်ငန်းတိုးချဲ့ထားရတယ်လို့ သိရှိရပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Source : EliteReader
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment