Powered by Blogger.

အလုပ်ပျက်ခွင့်ရအောင် အကြောင်းရှာတဲ့အနေနဲ့ တင်ပါးကိုဓါးနဲ့ထိုးခဲ့သူ


 မနက်အိပ်ရာနိုးတဲ့အခါတိုင်း အလုပ်မသွားဖို့ ဘယ်လိုအကြောင်းပြရင်ကောင်းမလဲဆိုပြီး တွေးတောဖူးပါသလား။ ဒီလိုတွေးမိတဲ့အခါတိုင်း နေမကောင်းတာတို့ ၊ အရေးတကြီး သွားစရာရှိလို့ဆိုပြီး ညဏ်နီညဏ်နက်တွေ ထုတ်ခဲ့ကြမယ်ထင်ပါတယ်။


 ဒါပေမယ့် လူတစ်ယောက်ကတော့ ထူးထူးခြားခြားဆိုသလိုပဲ အလုပ်မသွားချင်တာကို အကြောင်းပြဖို့အတွက် သူကိုယ်တိုင် အနာတရအဖြစ်ခံပြီး ကြိုးစားခဲ့တယ်လို့ သိရပါတယ်။

 အသက်ငါးဆယ်ကျော်အရွှယ်ရှိ ဂျပန်နိုင်ငံသားတစ်ဦးဖြစ်သူ Masaru Miura ဟာ အလုပ်သွားချင်စိတ်မရှိတာကြောင့် ရထားဘူတာရုံရဲ့ သန့်စင်ခန်းအတွင်းကိုရောက်ရှိချိန် မီးဖိုချောင်သုံးဓါးနဲ့ သူရဲ့တင်ပါးကိုထိုးခဲ့ပါတယ်။


ထိုသူဟာ သူကိုယ်သူဓါးနဲ့ထိုးပြီး အနာတရဖြစ်သွားချိန်မှာ ရဲတပ်ဖွဲ့ကိုဖုန်းဆက်ခေါ်ပြီး လူစိမ်းတစ်ဦးရဲ့ တိုက်ခိုက်ခြင်းခံရတယ်လို့ လိမ်ညာပြောဆိုခဲ့ပါတယ်။ ရဲစခန်းကိုခေါ်ယူစစ်ဆေးတဲ့အခါမှာလည်း Masaru Miura က သူဆီးသွားနေချိန် လူတစ်ဦးက သူ့နောက်ကနေ ဓါးတစ်ချောင်းနဲ့ထိုးသွားခဲ့တာဖြစ်တယ်လို့ လိမ်ညာထွက်ဆိုခဲ့ပါတယ်။

 သို့ပေမယ့်လည်း ရဲတပ်ဖွဲ့ဝင်တွေရဲ့ တရစပ်မေးခွန်းတွေများကြောင့် Masaru Miura အနေနဲ့ ဆက်လက်မလိမ်ညာနိုင်တော့ပဲ အလုပ်မသွားချင်တဲ့အတွက် သူကိုယ်သူဒဏ်ရာရရှိအောင် ကြိုးစားခဲ့တာဖြစ်ကြောင်း ထွက်ဆိုသွားခဲ့ပါတယ်။

မိုက်ရူးရဲဆန်တဲ့ ကြိုးစားမှုကြောင့် Masaru Miura တစ်ယောက် သူမသွားလိုတဲ့ အလုပ်ကိုမသွားရခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေရဲ့အလုပ်ကို လိမ်ညာနှောင့်ယှက်သလို ဖြစ်ခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူရဖွယ် ရှိလို့နေပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : Oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment