Powered by Blogger.

မှင်စာအခြောက်ခံရတဲ့ အာဂျင်တီးနားနိုင်ငံမှ ကလေးသူငယ်များ


 ဓါတ်ပုံတွေ မှတ်တမ်းဗီဒီယိုတွေထဲမှာ သရဲလို့သတ်မှတ်နိုင်တဲ့ ပုံရိပ်တွေများစွာကို တွေ့ရှိဖူးခဲ့ပေမယ့် မှင်စာဆိုတဲ့ မကောင်းဆိုးဝါးတစ်မျိုးကိုတော့ အခုလိုမြင်တွေ့ရခြင်းဟာ အတော်လေးကိုရှားပါတယ်။ အခုဖြစ်စဉ်ဟာ အာဂျင်တီးနားနိုင်ငံမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဗီဒီယိုမှတ်တမ်းပါ တင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

 ဖြစ်စဉ်ကတော့ အာဂျင်တီးနားနိုင်ငံ ဆန်ဒီယာဂိုဒယ်အက်စထရိုမြို့အတွင်းက ပန်းခြံထဲမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ထိုဖြစ်စဉ်အတွင်းမှာ ကလေးသူငယ်များဟာ ပန်းခြံအတွင်းက ဘောလုံးကွင်းလေးမှာ ဘောလုံးကစားနေကြတာဖြစ်ပြီး ကလေးတစ်ဦးကတော့ သူ့သူငယ်ချင်းတွေ ဘောလုံးကန်နေပုံကို ဗီဒီယိုနဲ့မှတ်တမ်းတင်နေပေးတာဖြစ်ပါတယ်။ ဘောလုံးကစားနေပုံကို ဗီဒီယိုရိုက်ကူးနေရင်းနဲ့ မြက်ခင်းဘက်တွေရှိရာကို ကင်မရာရောက်သွားချိန်မှာတော့ မထင်မှတ်ပဲ ထူးဆန်းတဲ့အရာတစ်ခုကို ကင်မရာကိုင်ထားတဲ့ ကလေးငယ်က တွေ့ရှိသွားခဲ့ပါတယ်။

 ဗီဒီယိုမြင်ကွင်းထဲမှာ မည်းမည်းသဏ္ဍန်တစ်ခုကို ရုတ်တရတ်တွေ့မြင်သွားခဲ့ပြီး Zoom ချဲ့ကြည့်လိုက်တဲ့အခါမှာတော့ တိရစ္ဆာန်တစ်ကောင်လို တွားသွားနေတဲ့ အကောင်တစ်ကောင်ကို တွေ့မြင်သွားပါတယ်။ ထိုအခါမှာ ကင်မရာကိုင်ထားတဲ့ ကလေးငယ်က ကြောက်လန့်တကြားနဲ့ အော်ဟစ်ထွက်ပြေးသွားပါတော့တယ်။

 ဒီကလေးငယ်ရဲ့မိခင်ဖြစ်သူ ပြောဆိုချက်အရ ကလေးငယ်ဟာ မှင်စာကိုတွေ့ရှိခဲ့တယ်လို့ တဖွဖွပြောဆိုနေခဲ့ပြီး ထိတ်လန့်ကြောက်ရွှံနေလို့ မနည်းကိုထိန်းသိမ်းနေရတယ်လို့ သိရပါတယ်။ ကင်မရာထဲမှာ တွေ့မြင်ခဲ့ရတဲ့ သတ္တဝါက မှင်စာဟုတ်မဟုတ်ဆိုတာ သေချာမသိရပေမယ့် ထူးဆန်းတဲ့သတ္တဝါတစ်ကောင် ဖြစ်လိမ့်မယ်လို့တော့ ထင်မြင်ယူဆမိပါတယ်ခင်ဗျာ။



VitamiN

#knowledge.thithtoolwin.com

Src : oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment