Powered by Blogger.

ဂင်းနစ်စံချိန်တင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ လက်နှစ်ဖက်လုံးမရှိတဲ့ အမျိုးသမီး


မသန်စွမ်းဆိုတဲ့စကားက အဓိပ္ပာယ်ရှိပါတယ်။ ဘဝပေးအခြေအနေကြောင့် ဒုက္ခိတဖြစ်သွားလို့ မသန်နိုင်တော့ပေမယ့် တခြားလူကောင်းတွေအတိုင်း စွမ်းဆောင်နိုင်သေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို သက်ရောက်ပါတယ်။ ဒီလိုမျိုး ဘဝကိုအရှုံးမပေးပဲ ဂင်းနစ်စံချိန်တင်နိုင်တဲ့အထိကို ကြိုးစားနိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦး ထွက်ပေါ်လို့လာခဲ့ပါပြီ။

 သူမကတော့ မက္ကဆီကိုနိုင်ငံသူ Adriana Irene Macias Hernandez ဖြစ်ပါတယ်။ လက်နှစ်ဖက်မရှိပေမယ့် ပညာရေးကို ဆုံးခန်းတိုင်အောင် သင်ကြားနိုင်ခဲ့လို့ ဘွဲ့ရရှိထားသူဖြစ်တဲ့အပြင် နေ့စဉ်လုပ်ငန်းဆောင်တာတွေအားလုံးကို ခြေထောက်ကိုသာ အားပြုပြီး လုပ်ကိုင်နိုင်နေသူလည်းဖြစ်ပါတယ်။ ဒီလို ခြေထောက်ကိုအားပြုပြီး အရာရာကို လုပ်ကိုင်နေနိုင်တဲ့ သူမရဲ့ကြိုးစားအားထုတ်မှုက အခုဆိုရင် ဂင်းနစ်ကမ္ဘာ့စံချိန်တစ်ခုအဖြစ်ပါ သတ်မှတ်ခံလိုက်ရပြီဖြစ်ပါတယ်။

 အသက် ၃၉နှစ်အရွှယ် Adriana ဟာ တန်းစီထွန်းထားတဲ့ ဖယောင်းတိုင်တွေကို ခြေထောက်နဲ့ မီးထွန်းပြပြီး ဂင်းနစ်စံချိန်တင်နိုင်ဖို့အတွက် ကြိုးစားပြသွားခဲ့ဖြစ်ပါတယ်။ သူမရဲ့ကြိုးစားမှုက တကယ်ကိုအရာထင်သွားခဲ့ပြီး တစ်မိနစ်အတွင်းမှာ ဖယောင်းတိုင်ပေါင်း ၁၁တိုင်ကို ခြေထောက်သက်သက်နဲ့သာ ထွန်းညှိနိုင်ခဲ့သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်တင်သွားနိုင်ခဲ့ပါတယ်။



 Adriana ရဲ့ကြိုးစားမှုက အရမ်းကိုလေးစားအတုယူဖို့ ကောင်းပါတယ်။ ဘဝမှာ ခြေလက်လို့ အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဆုံးရှုံးရပြီဆိုရင် စိတ်အားမငယ်နေပဲ ကိုယ်လုပ်နိုင်မယ့်အရာတစ်ခုကို အားစိုက်ထုတ်ပြီး ကြိုးစားကြည့်သင့်ပါတယ်။ ဘဝကို လွယ်လွယ်နဲ့ အရှုံးမပေးသင့်ဘူးဆိုတာကို ဂင်းနစ်စံချိန်ရှင်လေး Adriana က အားလုံးအတွက် သက်သေပြသွားနိုင်ခဲ့တာပဲ ဖြစ်ပါတော့တယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Src : oddity
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment