Powered by Blogger.

ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံလိုက်ရတဲ့ Batman ရဲ့ ဗီလိန်ကြီးဂျိုကာ


 စူပါဟီးရိုးကြီး  လင်းနို့လူသားတောင် မရမက ဖမ်းဆီးရတဲ့ လူဆိုးကြီးဂျိုကာကို အမေရိကန်နိုင်ငံ ဗားဂျီးနီးယားပြည်နယ်ရှိ ရဲတပ်ဖွဲ့ဝင်များက အလွယ်တကူပဲ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

 ပြီးခဲ့တဲ့ သောကြာနေ့ နေ့လည်နှစ်နာရီခန့်လောက်က Batman ရဲ့ The Dark Knight ဇာတ်ကားထဲမှ သရုပ်ဆောင် Heath Ledger သရုပ်ဆောင်ထားတဲ့ ဂျိုကာဇာတ်ရုပ်ရဲ့ပုံစံအတိုင်း ခြယ်သဝတ်ဆင်ထားသူတစ်ဦးဟာ လမ်းပေါ်မှာ ဓါးတစ်ချောင်းကိုကိုင်ပြီး လမ်းသွားလမ်းလာတွေကြားထဲမှာ သွားလာနေတယ်လို့ ပြည်သူများက ဗားဂျီးနီးယားပြည်နယ် ဝင်ချက်စတာရဲစခန်းကို ဖုန်းဆက်အကြောင်းကြားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ရဲတပ်ဖွဲ့ဝင်များက ဂျိုကာပုံစံဖော်ထားတဲ့သူကို သွားရောက်ဖမ်းဆီးခဲ့ပါတယ်။ ထိုသူမှာ အသက် ၃၁နှစ်အရွှယ်ရှိ Jeremy Putman ဆိုသူဖြစ်ပြီး ပြည်သူလူထုတွေကြားမှာ အထိတ်တလန့်ဖြစ်အောင် ကြိုးစားမှုဖြင့် အမေရိကန်ဒေါ်လာနှစ်ထောင်ခန့် ဒဏ်ရိုက်ခဲ့ပါတယ်။

  ဒီဖြစ်ရပ်နဲ့စပ်လျဉ်းပြီး ရဲအရာရှိတစ်ဦးက “ ကျွန်တော်တို့ရဲစခန်းကို ဒီလိုဖြစ်ရပ်တွေနဲ့ အလားတူဖြစ်ရပ်မျိုးတွေအကြောင်း ဖုန်းဆက်တိုင်တန်းတာတွေ ပြီးခဲ့တဲ့တစ်ပတ်ထဲက ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ဘက်ကလည်း နောက်ထပ်တိုင်တန်းလာမှုတွေအပေါ်မှာ တကယ်ဟုတ်မဟုတ်ဆိုတာကို သံသယလေးတွေ ဝင်လာခဲ့တာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်တို့မှာ ပြည်သူတွေကို ကာကွယ်ပေးရမယ့် တာဝန်ရှိနေတာမလား။ ဒါကြောင့် မဖြစ်သင့်တာတွေ မဖြစ်ပေါ်ရအောင် လာရောက်စစ်ဆေးရင်းနဲ့ ဓါးကိုင်ထားတဲ့ ဂျိုကာပုံစံဝတ်လူတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ် ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN


#knowledge.thithtoolwin.com

Ref: Odd News
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment