Powered by Blogger.

ဆယ်နာရီလောက် ဆိုဖာတွေပေါ်မှာထိုင်ပြီး သက်တောင့်သက်သာရှိမရှိ စမ်းသပ်ပေးရတဲ့အလုပ်


 အသက် ၂၆နှစ်အရွှယ်ရှိ ရုရှားနိုင်ငံသူလေး Anna ဟာ တကယ်ကို အမိုက်စားအလုပ်တစ်ခုရရှိထားပြီး သူရဲ့အလုပ်ချိန် ဆယ်နာရီအတွင်းမှာ အေးအေးလူလူနဲ့ လုပ်ကိုင်နိုင်တဲ့ အလုပ်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ Anna ရဲ့ အလုပ်ကတော့ ဆိုဖာထိုင်ခုံတွေ သက်တောင့်သက်သာရှိမရှိ စစ်ဆေးပေးရတဲ့အလုပ်ပဲဖြစ်ပါတယ်။

 ပြီးခဲ့တဲ့တစ်လခန့်က ရုရှားနိုင်ငံရဲ့ အကြီးမာဆုံး ပရိဘောဂဆိုင် MZ5 Grouo ကနေ သူတို့ဆိုင်ကထုတ်လုပ်တဲ့ ဆိုဖာတွေကိုစမ်းသပ်ပေးဖို့အတွက် အချိန်ပြည့်ဝန်ထမ်းများကို အလုပ်ခေါ်ယူခဲ့ပါတယ်။ MZ5 Group ဟာ သူတို့ဆီက ဆိုဖာတွေကို နည်းပညာမြင့် ဓါတ်ခွဲခန်းတွေမှာ သေချာစစ်ဆေးထားခဲ့ပေမယ့် ဝယ်သူတွေရဲ့ စိတ်တိုင်းကျကို ပိုမိုသိရှိစေလိုတဲ့အတွက် ဆိုဖာစမ်းသပ်သူတစ်ဦးကို အလိုရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ခေါ်စာတင်ခဲ့ရာ ဆိုဖာတွေပေါ်မှာ လိုက်ထိုင်ပြီး သက်တောင့်သက်သာရှိမရှိ စစ်ဆေးပေးရတဲ့ အလုပ်မျိုးဖြစ်လို့ အလုပ်လာရောက်လျှောက်ထားသူဦးရေဟာ ငါးထောင်ဝန်းကျင်အထိကို ရောက်ရှိသွားခဲ့ရပါတယ်။

MZ5 Group အနေနဲ့ လာရောက်လျှောက်ထားသူများရဲ့ ကိုယ်ရေးအကျဉ်းများကို သေချာလေ့လာပြီး အလုပ်ကိုဘာကြောင့်လုပ်ချင်တာလဲဆိုတဲ့ မေးခွန်းကို အဓိကထားကာ လျှောက်ထားသူတိုင်းကို မေးမြန်းသွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လာရောက်လျှောက်ထားသူ အယောကငါးထောင်ကနေ တဖြည်းဖြည်းချင်း စိစစ်ရွေးချယ်ခဲ့ရာကနေ နောက်ဆုံးမှာတော့ ခုနှစ်ဦးခန့်ပဲ ကျန်ရှိခဲ့ပါတယ်။ ဒီခုနှစ်ဦးကနေ ဆက်လက်ရွေးချယ်သွားခဲ့ရာ Anna ဆိုတဲ့ သက်လတ်ပိုင်းမိန်းကလေးတစ်ဦးက အလုပ်ကို လက်ခံရရှိသွားခဲ့ပါတယ်။

 လူတိုင်းလိုလို လုပ်ချင်နေတဲ့အလုပ်ကို ရရှိသွားခဲ့တဲ့ Anna ဟာ လက်ရှိမှာတော့ MZ5 ကုမ္မဏီအတွင်း သုံးလအစမ်းခန့်ဝန်ထမ်းအဖြစ် လုပ်ကိုင်နေလျက်ရှိပြီး သူရဲ့အရည်အချင်းပေါ်မူတည်ကာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်သွားမှာဖြစ်ပါတယ်။ Anna ဟာ အစမ်းခန့်ရာထူးနဲ့တင်ပဲ တစ်လကို အမေရိကန်ဒေါ်လာတစ်ထောင်ခန့်အထိကို ရရှိနေတာဖြစ်လို့ ကမ္ဘာပေါ်မှာ အမိုက်ဆုံးအလုပ်တစ်ခုကို လုပ်နေရတယ်လို့တောင် သတ်မှတ်နိုင်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment