Powered by Blogger.

ဝတ်ပြုဆုတောင်းပြီးတာနဲ့ ဘီယာဘားအဖြစ် ပြောင်းလဲသွားတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်း


 ဘယ်ဂျီယံနိုင်ငံမှာရှိတဲ့ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုဟာ တနင်္ဂနွေတိုင်း ဘုရားကျောင်းကို လာရောက်ကြသူတွေ စိတ်ပျော်ရွှင်သွားရအောင်နဲ့ ဘုရားကျောင်းကို လူအများကြီးလာရောက်ဖို့ရည်ရွှယ်ပြီး ဝတ်ပြုဆုတောင်းပြီးတာနဲ့ ဘုရားကျောင်းအတွင်း ပျော်ပျော်ရွှင်ရွှင် ဘီယာသောက်နိုင်အောင် ဘီယာဘားတစ်ခုကို ဖွင့်လှစ်ပေးထားပါတယ်။

 လူအချို့က အယ်ကိုဟောပါဝင်တဲ့ ဘီယာကို စေတန်တွေရဲ့သောက်စရာတစ်ခုလို့ သတ်မှတ်ကြပေမယ့် ဘီယာဘားကို ဖွင့်လှစ်ခဲ့ရာမှာ အဓိကတာဝန်ရှိသူ ဘုန်းတော်ကြီးကတော့ ဘုရားကျောင်းကို ပုံမှန်လာရောက်သူတွေ စိတ်ပျော်ရွှင်စေချင်လို့သာ လုပ်ဆောင်ပေးလိုက်ရတာဖြစ်တယ်လို့ ပြောပါတယ်။ ဘာကြောင့် အခုလို ဘုရားရှိခိုးကျောင်းအတွင်း ဘီယာဘားဖွင့်လှစ်ရသလဲဆိုတော့ သူတို့ဒေသမှာ ဘီယာဆိုင်ရယ်လို့ တစ်ဆိုင်တစ်လေတောင်မရှိတာကြောင့်ပဲဖြစ်ပါတယ်။

 ဒါကြောင့် နယ်ခံတွေအနေနဲ့ ဘီယာသောက်ဖို့လေးအတွက်နဲ့ ဝေးဝေးလံလံသွားစရာမလိုပဲ ကိုယ့်ဒေသအတွင်းက ဘုရားကျောင်းမှာပဲ တနင်္ဂနွေတိုင်း ဘီယာသောက်ခွင့်ရအောင်နဲ့ ဘုရားကျောင်းကိုလည်း တနင်္ဂနွေတိုင်း လူစုံတတ်စုံ တတ်ရောက်လာနိုင်အောင် Win-Win သီအိုရီနဲ့ လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။

 အာဏပိုင်တွေဆီက ဖွင့်မိန့်ကျလာပြီးနောက်မှာတော့ ဘုန်းတော်ကြီးဟာ သူရဲ့ဘုရားကျောင်းအတွင်း တနင်္ဂနွေတိုင်း သူရဲ့ဟောပြောချက်များ ပြီးဆုံးသွားတဲ့အချိန်မှာ သစ်သားထိုင်ခုံတွေ စားပွဲတွေကို ခင်းကျင်းပေးပြီး ဘီယာဘားအဖြစ် ပြုလုပ်ပေးခဲ့ပါတယ်။ သို့ပေမယ့် ဘုရားကျောင်းဖြစ်နေတာကြောင့် ဘီယာသောက်သူတွေအနေနဲ့ ဘုန်းတော်ကြီးရဲ့စည်းကမ်းချက်တွေကို လိုက်နာဖို့လိုအပ်ပါတယ်။

 စည်းကမ်းချက်အရ ဘီယာသောက်လိုသူတွေဟာ တနင်္ဂနွေတိုင်း ဘုရားရှိခိုးကျောင်းမှာ လာရောက်ဝတ်ပြုပြီးမှသာ ဘီယာဘားကို တတ်ရောက်ခွင့်ရှိမှာဖြစ်ပါတယ်။ ဒါ့အပြင် အလွန်အကျွံသောက်သုံးခွင့်မရှိပဲ နေ့လည်တစ်နာရီ နောက်ဆုံးထားပြီး ဘီယာဘားကနေ ပြန်လည်ထွက်ခွာပေးသွားမှာဖြစ်ပါတယ်။ ဒါ့ပေမယ့် တကယ့်ဘီယာဘားနဲ့ ခပ်ဆင်ဆင်ဖြစ်နေရအောင်လို့ ဂီတသံလေးတွေနဲ့ ကခုန်ခွင့်တွေကို ခွင့်ပြုပေးထားတယ်လို့ သိရှိရပါတယ်ခင်ဗျာ။

PHT

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment