Powered by Blogger.

ဆလိုဗက်ကီးယားနိုင်ငံသားတစ်ဦး ဖွင့်လှစ်လိုက်တဲ့ ခေတ်ဟောင်းမိုဘိုင်းဖုန်းပြတိုက်


 နည်းပညာတွေ အရှိန်အဟုန်ကြီးမားစွာ မတိုးတတ်သေးတဲ့ ခေတ်ကာလတစ်ခုမှာ လူတွေအနေနဲ့ ခလုတ်တွေသာပါတဲ့ မိုဘိုင်းဖုန်းလေးတွေကိုသာ ကိုင်တွယ်ခဲ့ရပါတယ်။ ဒီလို ခလုတ်ဖုန်းတွေခေတ်မှာ ခလုတ်ဖုန်းပေါင်းများစွာကို ဝယ်ယူစုဆောင်းနိုင်ခဲ့သူ ဆလိုဗက်ကီးယားနိုင်ငံသား Stefan Polgari ဟာ အခုဆိုရင် သူနေထိုင်ရာ ဒေသအတွင်းမှာ ခေတ်ဟောင်းမိုဘိုင်းဖုန်းပြတိုက်ကိုပါ ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

 အသက် ၂၆နှစ်အရွှယ်ရှိ Stefan Polgari ဟာ ဆလိုဗက်ကီးယားနိုင်ငံ ဒေါ့ဘ်ဆီနာမြို့မှာ နေထိုင်သူဖြစ်ပြီး အသက် ၁၅နှစ်အရွှယ်ကတည်းက အသစ်ထွက်ရှိလာခဲ့တဲ့ မိုဘိုင်းဖုန်းများအကြောင်းကို အွန်လိုင်းပေါ်မှာ Review ရေးသားနေသူတစ်ယောက်ဖြစ်ပါတယ်။ ဒီလို ဖုန်း Review မရေးသားခင်ကတည်းက Stefan ဟာ ဆလိုဗက်ကီးယားနိုင်ငံအတွင်းမှာ ဝယ်ယူရရှိနိုင်တဲ့ Nokia ၊ Alcatel ၊ Sagem ၊ Ericsson နဲ့ အခြားမိုဘိုင်းဖုန်းအဟောင်းများစွာတို့ကိုလည်း ဝယ်ယူစုဆောင်းခဲ့ပါတယ်။

ဒီလို ဖုန်းအဟောင်းတွေကို စုဆောင်းနေရင်းနဲ့ နှစ်နှစ်နီးပါးလောက် ကြာမြင့်သွားတဲ့အခါမှာတော့ Stefan ဆီမှာ မိုဘိုင်းဖုန်းအဟောင်းပေါင်း တစ်ထောင်ကျော်ခန့်လောက်အထိ ရှိလာခဲ့ပါတော့တယ်။ ဒါနဲ့ပဲ ရှားပါးလို့နေပြီဖြစ်တဲ့ မိုဘိုင်ဖုန်းအဟောင်းကို ထပ်မံရှာဖွေ စုဆောင်းခဲ့ရာ ယနေ့အချိန်မှာတော့ Stefan ဟာ တစ်ဝက်လောက် အလုပ်လုပ်နေဆဲဖြစ်တဲ့ မိုဘိုင်းဖုန်းအဟောင်းပေါင်း သုံးထောင့်ငါးရာကျော်ကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

  ဒါကြောင့် Stefan ဟာ သူများစွာပိုင်ဆိုင်ထားတဲ့ မိုဘိုင်းဖုန်းအဟောင်းတွေကို အများပြည်သူတွေ ကြည့်ရှုလေ့လာနိုင်ဖို့အတွက် ရည်ရွှယ်ပြီး သူရဲ့မွေးရပ်မြေမှာပဲ ခေတ်ဟောင်းမိုဘိုင်းဖုန်းပြတိုက်အဖြစ် ဖွင့်လှစ်ခဲ့လိုက်တာဖြစ်ပါတယ်။ Stefan ဟာ မိုဘိုင်းဖုန်းပေါင်း သုံးထောင့်ငါးရာကျော်နဲ့ ဖုန်းအမျိုးအစားပေါင်း တစ်ထောင့်နှစ်ရာကျော်တို့ကို သစ်သားစင်တွေပေါ်မှာ သေသေချာချာ ကျကျနန တင်ထားပြီး ပြသပေးထားတာဖြစ်ပါတယ်။ အကယ်၍ Stefan စုဆောင်းနေတဲ့ ဖုန်းအမျိုးအစားတွေသာ တစ်ထောင့်ငါးရာပမာလောက်ထက်ကိုကျော်လွန်သွားခဲ့မယ်ဆိုရင် ဖုန်းအမျိုးအစားပေါင်း ၁၅၆၃မျိုးကို ပိုင်ဆိုင်ထားတဲ့ ကမ္ဘာ့စံချိန်ရှင်ကြီး Carsten Tews ရဲ့ စံချိန်ကိုပါ ချိုးဖျက်သွားနိုင်မှာဖြစ်ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: oddity centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment