Powered by Blogger.

ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သူ ရေပန်းလူသား



 ရေပန်းလူသားလို့ လူအများက တင်စားခေါ်ဆိုထားကြတဲ့ အမျိုးသားတစ်ဦးဟာ တစ်မိနစ်အတွင်း ပါးစပ်ထဲကနေ ရေတွေကို အဆက်အပြတ် မှုတ်ထုတ်နိုင်ခဲ့တဲ့ လက်ရှိကမ္ဘာ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး စံချိန်သစ်တစ်ခုကို ရရှိပိုင်ဆိုင်သွားခဲ့ပါတယ်။

 ဒီလို အံမခန်းစွမ်းရည်တွေ ပြသသွားနိုင်ခဲ့သူကတော့ အသက် ၂၁နှစ်အရွှယ်ရှိ အီသီယိုးပီယားနိုင်ငံသား Kirubel Yilma ဆိုသူဖြစ်ပါတယ်။ Yilma ဟာ ၅၆.၃၆ စက္ကန့်အတွင်း ဝမ်းဗိုက်ထဲရောက်နေတဲ့ ရေတွေကို ပါးစပ်ကနေ အဆက်မပြတ် ပြန်လည်မှုတ်ထုတ်ပြနိုင်ခဲ့တာကြောင့် ပါးစပ်ကနေ အချိန်အကြာဆုံး ရေတွေမှုတ်ထုတ်ပြနိုင်သူအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်သစ်ကို တင်သွားနိုင်ခဲ့တာဖြစ်ပါတယ်။

 Yilma ဟာ သူရဲ့စွမ်းရည်ပြသမှုကို လာရောက်ကြည့်ရှုသူများနဲ့ အကဲဖြတ်အမှတ်ပေးကြမယ့် တာဝန်ရှိသူများအရှေ့မှာ မပြသသေးခင် ရေများစွာကို အရင်သောက်သုံးလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ Yilma ဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့ ရေတွေကို ပါးစပ်ထဲကနေ ပြန်အန်ထွက်သကဲ့သို့ အဆက်အပြတ် ထွက်ရှိလာအောင် ပြုလုပ်ပြသပေးသွားခဲ့တာပဲဖြစ်ပါ
တယ်။

 Yilma က သူအခုလို ထူးဆန်းတဲ့ပြကွက်ကိုပြပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်နိုင်ခဲ့တာဟာ Addis Ababa တက္ကသိုလ်မှာ ဆေးပညာကို သင်ယူထားခဲ့တာဖြစ်လို့ ခန္ဓာကိုယ်အတွင်းက ကြွက်သားတွေရဲ့ လှုပ်ရှားပုံတွေကို ကောင်းကောင်းနားလည်နေတာကြောင့်ဖြစ်ပြီး စဉ်ဆက်မပြတ် လေ့ကျင့်နေမှုကြောင့်လည်းဖြစ်တယ်လို့ ဆိုပါတယ်။ Yilma ဟာ ယခင်စံချိန်ရှင်ဟောင်း Dickson Oppong ရဲ့၄၆.၈၆ စက္ကန့်နဲ့ ရေအများဆုံးမှုတ်ထုတ်နိုင်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်သွားနိုင်ခဲ့တာဖြစ်ပြီး TV အစီအစဉ်မှာ Dickson Oppong ရဲ့ စွမ်းဆောင်ရည်ကို ကြည့်မိသွားရာကနေ Dickson စံချိန်ကိုချိုးဖို့ စိတ်ကူးမိသွားခဲ့တာလို့ Ylima က ရှင်းလင်းပြောပြသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledgw.thithtoolwin.com

Ref: Odd news
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment