Powered by Blogger.

၃၇နှစ်အတွင်း ကလေးအယောက်သုံးဆယ်ကျော် မွေးစားခဲ့တဲ့ သီလရှင်တစ်ပါး


 တရုတ်နိုင်ငံမှာရှိတဲ့ ဗုဒ္ဓဘာသာဝင် သီလရှင်တစ်ပါးဟာ လွန်ခဲ့တဲ့ ၃၇နှစ်အတွင်းမှာ ဘုရားရှိခိုးကျောင်း အပေါက်ဝမှာ လာရောက်စွန့်ပစ်ထားတဲ့ မိဘမဲ့ လူမမယ်ကလေးအယောက်သုံးဆယ်ကျော်ကို လူလားမြောက်လာတဲ့အထိ မွေးစားခဲ့တယ်လို့ သိရှိရပါတယ်။

 Changmiao လို့အမည်ရတဲ့ တရုတ်နိုင်ငံသူ သီလရှင်တစ်ပါးဟာ အသက် ၁၅နှစ်အရွှယ်ကတည်းကစတင်ပြီး ဘုရားကျောင်းအနားမှာ လာရောက်စွန့်ပစ်ထားခဲ့တဲ့ ကလေးတစ်ယောက်ကို မွေးစားခဲ့တာဖြစ်ပါတယ်။ လမ်းပေါ်မွှာစွန့်ပစ်ထားခံရတဲ့ လသားအရွှယ်သာရှိသေးတဲ့ ကလေးငယ်လေးကို လမ်းသွားလမ်းလာတွေက မြင်တွေ့ကြပေမယ့် ဘယ်သူမှမမွေးစားချင်တာကြောင့် နောက်ဆုံးမှာ Changmiao သီလရှင်ကပဲ မွေးစားလိုက်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့ Changmiao သီလရှင်ဟာ သူမွေးစားထားတဲ့ သမီးမိန်းကလေးရဲ့ဘဝကို ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။

 Changmiao သီလရှင်ရဲ့ ကြင်နာယုယတတ်မှုတွေဟာ သားသမီးရပြီး မမွေးထားချင်တဲ့ မိဘတွေအတွက် စိတ်ကြိုက်ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Changmiao သီလရှင်က ကလေးလေးတစ်ယောက်ကို မွေးစားခဲ့တယ်ဆိုတဲ့ သတင်းထွက်လာပြီးနောက်ပိုင်းမှာ လူအများစုက သီလရှင်ကျောင်းရဲ့ တံခါးပေါက်ရှေ့မှာ သူတို့အလိုမရှိတဲ့ သားသမီးတွေကို လာရောက်စွန့်ပစ်ကြလို့ပဲဖြစ်ပါတယ်။ Changmiao သီလရှင်က သူ့ကျောင်းအရှေ့မှာ လာရောက်စွန့်ပစ်သွားခဲ့တဲ့ ကလေးများစွာကို မွေးစားထားပေးခဲ့ပြီး ကလေးတွေရဲ့ပညာရေးနဲ့ မိမိကိုယ်ကို ကာကွယ်နိုင်ရေးတို့ကို သင်ကြားပေးခဲ့ပါတယ်။

 အခုဆိုရင် ၃၇နှစ်အတွင်း Changmiao သီလရှင်ကြီး မွေးစားခဲ့တဲ့ ကလေးသူငယ်ပေါင်းဟာ အယောက်သုံးဆယ်ကျော်သွားပါပြီ။ အားလုံးနီးပါးဟာ ကျန်းကျန်းမာမာနဲ့ ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားခဲ့ရပြီး အခုထိလည်း သီလရှင်ကျောင်းတော်မှာ Changmiao သီလရှင်နဲ့အတူ နေထိုင်လျက်ရှိပါတယ်။ ကိုယ့်ရဲ့ရင်သွေးမဟုတ်ပေမယ့် ရင်သွေးအစစ်တစ်ယောက်လို မေတ္တာဓါတ်တွေ အပြည့်အဝပေးစွမ်းနိုင်ခဲ့တဲ့ Changmiao သီလရှင်ရဲ့ သူတော်ကောင်းစိတ်ကတော့ သာဓုမခေါ်ပဲကို မနေနိုင်လောက်အောင်ပါပဲခင်ဗျာ။

VitamiN

#knowledge.thitgtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment