Powered by Blogger.

ကမ္ဘာ့ပထမဆုံး အလင်းရောင်ထွက်ရှိနေတဲ့ ဖားမျိုးစိတ်သစ်ကို ရှာဖွေ့တွေ့ရှိ



 သိပံ္ပပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ တောင်အမေရိကတိုက်အတွင်းမှာ ခန္ဓာကိုယ်အနှံ အစက်အပြောက်တွေများစွာရှိပြီး အံသြစရာကောင်းလှတဲ့ အသားအရေတစ်မျိုးကိုပါ ပိုင်ဆိုင်ထားတဲ့ ဖားမျိုးစိတ်သစ်တစ်ခုကို ရှာဖွေ့တွေ့ရှိခဲ့ရပါတယ်။

 အခြားသော ဖားတွေနဲ့မတူ တမူထူးခြားပဲ အလင်းရောင်ထွက်ရှိနေတဲ့ အရေပြားကို ပိုင်ဆိုင်ထားတဲ့ ဖားမျိုးစိတ်အသစ်တစ်မျိုးကို ဘရူနိုအေးရီစ့်မြို့က သဘာဝသိပ္ပံပြတိုက်မှာ တိရစ္ဆာန်မျိုးစိတ်တွေအကြောင်းကို လေ့လာနေကြတဲ့ ကျောင်းသားတွေက အမှတ်မထင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 ဒီဖားမျိုးစိတ်သစ်ဟာ သာမာန်အလင်းရောက်အောက် ရောက်ရှိနေချိန်မှာ ထူးထူးခြားခြားရှိမနေပဲ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့လိုက်တဲ့အခါကျမှ ခန္ဓာကိုယ်အနှံ တောက်ပတဲ့ အစိမ်းရောင်တွေ ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ခန္ဓာကိုယ်မှာ အလင်းရောင်ထွက်ရှိတတ်တဲ့ တိရစ္ဆာန်မျိုးကို ပင်လယ်ရေနက်ပိုင်းမှာသာ တွေ့ရှိရလေ့ရှိပြီး အခုလို ကုန်းနေရေနေတိရစ္ဆာန်မျိုးမှာ တွေ့ရှိခဲ့ခြင်းက တကယ့်ကိုကြုံတောင်ကြုံခဲ ဖြစ်စဉ်လို့ဆိုနိုင်ပါတယ်။

 ဒါ့အပြင် လေ့လာစမ်းသပ်ချက်အရ အလင်းရောင်တွေထွက်ရှိအောင် လုပ်ဆောင်ပေးနေတဲ့ ဖားခန္ဓာကိုယ်အတွင်းက ဒြပ်ပေါင်းတွေကိုလည်း မည့်သည်ကျောရိုးရှိ တိရစ္ဆာန်မှာမှ မြင်တွေ့ခဲ့ခြင်းမရှိကြောင်းကိုလည်း သိရှိရပါတယ်။ ဒီဖားမျိုးစိတ်လို ခနာကိုယ်ကနေ အလင်းရောင်ထွက်ရှိတဲ့ ကျောရိုးရှိတိရစ္ဆာန်မျိုးဟာ ရှားပါးကောင်းရှားပါးနိုင်ပေမယ့် အနည်းငယ်တော့ ရှိနေနိုင်ဖွယ်ရှိတယ်လို့ လေ့လာစမ်းသပ်သူများက ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwon.com

Ref: unexplained mysteries
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment