Powered by Blogger.

သူငယ်ချင်းအတု ချစ်သူအတု အငှားဝန်ဆောင်မှု လုပ်ပေးနေတဲ့ ဂျပန်ကုမ္မဏီတစ်ခု



 Facebook ပေါ်မှာ သူငယ်ချင်းတွေနဲ့ ပျော်ပါးနေတဲ့ ဓါတ်ပုံတွေတင်ချင်ပေမယ့် သူငယ်ချင်းများများစားစား သင့်မှာရှိမနေဘူးဆိုရင် ဒါမှမဟုတ် သင်ရဲ့အဆက်ဟောင်းကို မနာလိုဖြစ်အောင် နောက်ထပ်အသစ်တစ်ယောက်နဲ့ တွဲပြချင်ပေမယ့် လက်ရှိမှာ ချစ်သူအသစ်တစ်ယောက် မရသေးဘူးဆိုရင် သင့်ကိုကူညီပေးနိုင်တဲ့ အကျိုးဆောင်ကုမ္မဏီတစ်ခု ရှိလို့နေပါတယ်။

 ဒီကုမ္မဏီကတော့ ဂျပန်နိုင်ငံမှာ ဖွင့်လှစ်ထားတဲ့ Family Romance ကုမ္မဏီဖြစ်ပါတယ်။ ဒီကုမ္မဏီကနေ သင်အနေနဲ့ Facebook ပေါ်မှာ ကိုယ်ရဲ့မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ ပျော်ရွှင်စွာ ဓါတ်ပုံရိုက်ကူးလိုနေသူများအတွက်
 သူငယ်ချင်းအတုတွေကို ဝန်ဆောင်ပေးနေတာဖြစ်ပါတယ်။ ဖောက်သည်အနေနဲ့ ဒီကုမ္မဏီမှာရှိတဲ့ ဝန်ထမ်းများထဲကမှ အသက်အရွှယ်အပိုင်းအခြား ၊ ယောကျာင်္း မိန်းမနဲ့ ရုပ်ပိုင်းဆိုင်ရာတို့ကို စိတ်တိုင်းကျရွေးချယ်ပြီး ကိုယ်ရဲ့သူငယ်ချင်းအတုအဖြစ် ငှားရမ်းနိုင်ပါတယ်။ ငှားရမ်းခအနေနဲ့ သူငယ်ချင်းအတုတစ်ယောက်အတွက် နှစ်နာရီကို ဂျပန်ယမ်းငွေရှစ်ထောင် ( အမေရိကန်ဒေါ်လာ ၇၁ဒေါ်လာ ) ကျသင့်မှာဖြစ်ပါတယ်။

 ဒီလို သူငယ်ချင်းအတုသာမက ချစ်သူအတုငှားပြီးတော့လည်း ဓါတ်ပုံများရိုက်ကူးကာ လူမှုကွန်ယက်များပေါ်မှာ ဖော်ပြနိုင်ပါတယ်။ ဒီလို သူငယ်ချင်းအတု ချစ်သူအတု အငှားဝန်ဆောင်မှုကနေ အောင်မြင်လာခဲ့တဲ့ Family Romance ကုမ္မဏီဟာ အခုနောက်ပိုင်းမှာလည်း များပြားစွာသော အတုဝန်ဆောင်မှုတွေကိုပါ ထည့်သွင်းပြုလုပ်လာခဲ့ပါတယ်။ လက်ရှိမှာော့ Family Romance ကုမ္မဏီကနေ မိဘအတု ၊ ခင်ပွန်းသည်အတုနဲ့ ကလေးအတုတို့အထိပါ ငှားရမ်းခ တစ်ယောက်ကို ယမ်းငွေနှစ်သောင်းနဲ့ ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ ဒါတွေတင်မကသေးပဲ တစ်ဦးတစ်ယောက်ကို တောင်းပန်ဖို့ရှိနေရင်လည်း ကိုယ်စားတောင်းပန်မယ့် သူအထိပါ ငှားရမ်းနိုင်ပါသေးတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Oddity Centeral
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment