Powered by Blogger.

ဆီးအိမ်ရောဂါဖြစ်နေတဲ့ ရွှေငါးလေးအတွက် အသေးစားဘီးတပ်ကုလားထိုင်လေး ပြုလုပ်ဖန်တီးပေးနိုင်ခဲ့



 ချစ်စရာကောင်းလှတဲ့ ရွှေငါးလေးတစ်ကောင်မှာ ဆီးအိမ်ရောဂါဝေဒနာကြောင့် အလှမွေးငါးကန်အတွင်းမှာ ရေကူးရခက်ခဲနေပါတယ်။ ဒါပေမယ့် ရွှေငါးလေးအတွက် အသေးစားဘီးတပ်ကုလားထိုင်လေး ပြုလုပ်ဖန်တီးပေးနိုင်ခဲ့တဲ့နောက်မှာတော့ ရွှေငါးလေးလည်း ငါးကန်အတွင်းမှာ လွတ်လွတ်လပ်လပ် ကူးခတ်သွားလာနိုင်ပါတော့တယ်။

 ဒီရွှေငါးလေးဟာ ဆီးအိမ်ရောဂါကြောင့် ငါးကန်အတွင်းမှာ ရေရဲ့ဖော့ဂုဏ်ကို မထိန်းချုပ်နိုင်တော့ပဲ ရေကူးရခက်နေခဲ့တာ အချိန်တော်တော်ကြာခဲ့ပြီဖြစ်ပါတ
ယ်။ ငါးကန်ရဲ့အပေါ်ဘက်ကို ကူးခတ်မသွားလာနိုင်ပဲ ကန်ရဲ့အောက်ခြေမှာသာ နေနေရတဲ့ ရွှေငါးလေးရဲ့ အခြေအနေကို အကောင်းဆုံးဖြစ်သွားအောင် ပြုလုပ်ပေးနိုင်သူကတော့ အလှမွေးငါးအရောင်းဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက်နှစ်ဆယ်အရွှယ် Derek ဖြစ်ပါတယ်။ Derek က လူတော်တော်များများ ငါးကန်တွေထဲမှာ သုံးစွဲလေ့ရှိတဲ့ ပိုက်လေးတွေကို ရွှေငါးလေးအတွက် Wheelchair လုပ်တဲ့နေရာမှာ အဓိကသုံးစွဲခဲ့တာပဲဖြစ်ပါတယ်။ ထိုင်ခုံတစ်ခု ထောက်ပံ့ပေးနိုင်အောင်အတွက် အဆို့ရှင်လေးတွေကို တပ်ဆင်ထားပြီး ရေရဲ့ဖော့ဂုဏ်နဲ့အတူ ရေပေါ်မှာပေါ်နေအောင်နဲ့ ထိုင်ခုံရဲ့အလေးချိန်ကြောင့် လွတ်လပ်စွာ မကူးခတ်နိုင်ပဲ အောက်ခြေကို ပြုတ်ကျခြင်းမရှိအောင် အသေးစိတ် ဂရုတစိုက်ပြုလုပ်ဖန်တီးခဲ့ရတာဖြစ်ပါတယ်။

  Derek ရဲ့ အံသြစရာကောင်းတဲ့ တီထွင်ဖန်တီးမှုကို Derek ရဲ့ သူငယ်ချင်းဖြစ်သူက Youtube ပေါ်ကနေ ဖော်ပြခဲ့လိုက်ရာ Derek ရဲ့လက်ရာကို လူသိများသွားခဲ့ရပါတယ်။ Derek ရဲ့ အံမခန်းတီထွင်မှုနဲ့ပတ်သက်ပြီး သူငယ်ချင်းဖြစ်သူက “ ကျွန်မလည်း တိရစ္ဆာန်ဆေးကုဆရာဝန်ဆိုတော့ ရောဂါဖြစ်နေတဲ့ ရွှေငါးလေးတွေကို ကုသပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် Derek လိုတော့ စိတ်ရှည်သည်းခံပြီး ရွှေငါးလေးအတွက် လိုအပ်နေတဲ့ Wheelchair မျိုးကို မဖန်တီးနိုင်ပါဘူး။ Derek က ပါရမီရှင်တစ်ယောက်ပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်ခင်ဗျာ။

VitamiN

#knowledge.thithtoolwin.com

Ref: Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် ဗဟုသုတဆိုဒ်သည် မြန်မာနှင့် ကမ္ဘာအရပ်ရပ် စိတ်ဝင်စားဖွယ်ရာ သတင်းများ၊ အဖြစ်အပျက်များနှင့် မှတ်သားဖွယ်ရာ၊ ဗဟုသုတရဖွယ်ရာ သတင်းများကို အချိန်နှင့် တပြေးညီ ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။ ကဏ္ဍတွင် စိတ်ပါဝင်စားသဖြင့် ဆောင်းပါးရေးသားချင်သူများ ဆက်သွယ်နိုင်ပါတယ်
    Blogger Comment
    Facebook Comment

0 comments:

Post a Comment